4 w - Translate

Situationship ဆိုတာ သူ့ကိုလည်း ကိုယ်မချည်နှောင်ဘူး ကိုယ့်ကိုလည်းသူ မချည်နှောင်ဘူး ဒါပေမယ့် အချိန်တိုင်း လိုအပ်ရင် အနောက်မှာအမြဲရှိနေတတ်သူတွေရဲ့ ဆက်ဆံရေးတစ်ခုပါ

ခုမြင် ခုချစ် ခုတွဲလို့ ရတဲ့ခေတ်ကြီးထဲမှာ တစ်စုံတစ်ယောက်နဲ့ relationships ဖြစ်ဖို့ နှမြောတဲ့ ဆက်ဆံရေးတွေဆိုတာ တကယ်ရှိပါတယ်

ကိုယ်ဟာ လူတစ်ယောက်ကို ချစ်မိပီဆိုရင် အတ္တကြီးတယ် ပိုင်ဆိုင်ချင်တယ် အဲ့စိတ်တွေကြောင့်ပဲ ကိုယ်တိုင်က ပူလောင်ရတယ်

အခုနောက်ပိုင်း နေတတ်လာတယ်လို့ပဲပြောရမလား စိတ်အေးချမ်းရာကိုပဲ ရွေးမိတော့တယ် ချစ်သူမကျ သူငယ်ချင်းထက်လည်းပိုတဲ့ situationship အနေအထားလေးမှာပဲ လက်ခံတတ်အောင် ကျင့်ယူနေတယ်

အမှန်တော့ ချစ်မိပီဆိုရင် ပိုင်ဆိုင်ချင်ကြတဲ့သူကြည့်ပါပဲ ဒါပေမယ့် ပိုင်ဆိုင်ခြင်းတွေရဲ့ နောက်ကွယ်မှာ အမြဲ ပါလာတတ်တဲ့ ဆုံးရှုံးမှုတွေ ဝေးကွာမှုတွေကို မလိုချင်ဆုံးပဲ

ကိုယ့်အတ္တတစ်ခုကြောင့် တစ်ဖက်သူအဆင်မပြေမှာလည်းစိုးတယ်
ကိုယ်တိုင်လည်း ပူလောင်မှာ စိုးတယ်
အကောင်းဆုံးကတော့ situationship အနေအထားကနေ ချစ်နိုင်သလောက်ချစ်မယ် အပူတွေမပေးမိအောင်နေရင်း ကိုယ်ရော သူရော လွပ်လပ်စွာ ပျံသန်းခွင့်ရှိကြတယ်

image