4 w - Translate

မပေးလိုတဲ့ မေတ္တာတွေကို အတင်းတောင်းခံနေရတဲ့ နေ့ရက်တွေပေါ့ ခင်ဗျားရယ်

အေးစက်လာတဲ့ အပြောတွေနဲ့ သူစိမ်းဆန်လာတဲ့ ခင်ဗျားအကြည့်တွေကြား နေ့ရက်တိုင်းဟာ နာကျင်စရာပါပဲ

ဘယ်ကနေ ဘယ်လို မသိတော့တဲ့လူတစ်ယောက်လို ပြောင်းလဲသွားမှန်းတကယ်မသိတော့တာပါ

တန်ဖိုးထားခံလိုစိတ်အပြည့်နဲ့ပဲ ခင်ဗျားလက်ထဲမှာ ကျလိုက်တဲ့ သိက်ခါတွေဟာလည်း မြင်ရက်စရာမရှိတော့ပါဘူး

ခင်ဗျား ပြန်ချစ်လာဖို့ ကြိုးစားလည်း မေတ္တာရောင်ပြန်လေးကိုလည်းမျှော်နေလည်း အရာမထင်တော့မှန်းသိပါတယ်

ခင်ဗျားစိတ်က ကျွန်တော်ဆီမှာမရှိတော့ဘူးလေ ခင်ဗျားအချစ်က ကျွန်တော့်အတွက်မဟုတ်တော့ဘူး

ဆွဲလည်းမထားလိုတော့ပါဘူး အချစ်ရယ် နေလိုကနေပြီး သွားလိုက သွားနိုင်ပါတယ်

ခင်ဗျားပျော်ရွှင်ဖို့ကသာ ကျွန်တော့်အတွက် အရာရာပါပဲ ။

Stephen 1998
#crd

image