4 w - Translate

အရည်အသွေးတွေကို အမူအကျင့်က ဖုန်းကွယ်သွားခြင်း😔

အိန္ဒိယစူပါလိဂ် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ Kerala Blasters အသင်းသည် ဘာလော့တယ်လီအား ဝယ်ယူနိုင်မဲ့အခွင့်အရေးကို ငြင်းပယ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ကျွန်တော်တစ်ခုတွေးမိပါတယ်။

ဘာလော့တယ်လီ ရဲ့ ဘောလုံးအရည်အသွေးကို ဘောလုံးချစ်သူတိုင်း သိမှာပါ ။ သူကိုယ်တိုင်လည်း သူဟာ အခက်အခဲအချို့သာမရှိခဲ့ရင် မက်ဆီရော်နယ်ဒို တို့နဲ့ဘတစ်တန်းတည်းမှာရှိတယ်လို့ ထုတ်ပြောခဲ့ပါသေးတယ်။ မန်စီးတီး ၊အင်တာမီလန် ၊လီဗာပူး နဲ့ အေစီမီလန် အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ဘာလော့တယ်လီတစ်ယောက် ကစားသမား ဘဝနောက်ပိုင်းကာလ တွေမှာ ခက်ခက်ခဲခဲဖြတ်သန်းနေရတာဖြစ်ပါတယ်။

ဒါကလည်းသူ့ရဲ့ စည်းကမ်းပိုင်းဆိုင်ရာဖောက်ဖျက်မှုတွေ နဲ့ သူ့ရဲ့ အမူအကျင့်တွေကြောင့် သူ့ကစားသမားဘဝ က ထင်သလောက်မအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ အိန္ဒိယကလပ်ကလည်း ဒီအချက်တွေကြောင့်ခေါ်ယူဖို့ငြင်းခဲ့တာဖြစ်ပါတယ်။

တချို့အမူအကျင့်တွေက ကိုယ့်ဘဝမှာ ရှေ့ရောက်သင့်သလောက်မရောက်စေပါဘူး။ ဘာလော့တယ်လီက လည်း ဒီထဲကတစ်ယောက်သာသာပါပဲ။

image