4 w - Translate

Apple Intelligence နဲ့ A18 Pro Chip ပါတဲ့ iPhone 16 Pro နဲ့ 16 Pro Max ကို ကြေညာ
===================================================
Apple က iPhone 16 Pro နဲ့ 16 Pro Max ကို ကြေညာလိုက်ပြီး A18 Pro Chip ထည့်သွင်းထားပါတယ်။ တိုက်တေနီယမ် ဒီဇိုင်း သုံးထားပြီး Apple က ထုတ်ဖူးသမျှထဲမှာ အပါးလွှာဆုံး Bezel ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ Apple က Battery သက်တမ်း အလွန်ကောင်းလာတယ်လို့ ပြောပါတယ်။
iPhone 16 Pro မော်ဒယ်တွေမှာ အရင်မျိုးဆက်ထက် ပိုကြီးတဲ့ Display တပ်ဆင်ထားပါတယ်။ iPhone 16 Pro မှာ 6.3” နဲ့ 16 Pro Max မှာ 6.9” Display တပ်ဆင်ထားပါတယ်။ Pro Max ဟာ ကမ္ဘာ့အကြီးဆုံး iPhone Display ဖြစ်လာပါတယ်။ Display ကို Ceramic Shield နဲ့ ကာကွယ်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 120Hz ProMotion Display ထောက်ပံ့ထားပြီ Bezel အပါးလွှာဆုံး iPhone ဖြစ်ပါတယ်။
A18 Pro Chip ဟာ A17 Pro ထက် CPU က ၁၅ ရာခိုင်နှုန်းနဲ့ GPU က ၂၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ ကင်မရာ အကြောင်းပြောရရင် 48MP Fusion ကင်မရာ တပ်ဆင်ထားပြီး 4K 120fps Video ရိုက်ကူးနိုင်ပါတယ်။ Apple က 48MP ProRAW နဲ့ HEIF ဓါတ်ပုံတွေ အတွက် Zero Shutter Lag ရမယ်လို့ ပြောပါတယ်။ iPhone 16 Pro ၂ လုံးဟာ Video အပြင် Spatial Photo တွေ ရိုက်ကူးနိုင်ပါတယ်။
ထူးခြားတာက ကင်မရာ Control ခလုတ် အသစ် ထည့်သွင်းထားပြီး ကင်မရာ Feature တွေကို မြန်ဆန်စွာ သုံးနိုင်ပါတယ်။ ခလုတ်ကို နှိပ်ပြီး ကင်မရာ App ဖွင့်တာ ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်တာကို လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ Touch Gesture ကို သုံးကာ Composition, Zoom နဲ့ တခြား Settings ကို ချိန်ညှိနိုင်ပါတယ်။
Black Titanium , Natural Titanium , White Titanium နဲ့ Desert Titanium ထုတ်လုပ်ထားပါတယ်။ ဒီလ ၁၃ ရက်နေ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး စက်တင်ဘလာ ၂၀ ရက်နေ့ ရောင်းမှာပါ။ Pro ရဲ့ အခြေခံမော်ဒယ်ကို ၉၉၉ ဒေါ်လာနဲ့ Pro Max အတွက် ၁,၁၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gizmochina, gsmarena
DigitalTImes

image
image
image
image