4 w - Translate

“လုပ်ပါကွာ။ မင်းတို့ (၆) ယောက်က နောက်နှစ်ကြိုးစားလို့ရသေးတာပဲ” ဆိုပြီး ဘလွန်းဒီအော် ဆန်ခါတင်စာရင်းနဲ့ပတ်သက်ပြီး ဂျာမန်စနိုက်ပါလို့ နာမည်ကြီးတဲ့ တိုနီကရူးစ်က နောက်ပြောင်လိုက်ပါတယ်။
မနေ့က ဒီဆုအတွက် ဆန်ခါတင်စာရင်းကြေညာတော့ တိုနီကရူးစ်က ရီးရဲလ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘယ်လင်ဟမ်၊ ကာဗာဟယ်လ်၊ ဗီနီရှပ်စ်၊ အမ်ဘာပေ၊ ရူဒီဂါ၊ ဗယ်လ်ဗာဒီတို့နဲ့ အတူတူ ပါဝင်လာပါတယ်။
အနားယူသွားပြီဖြစ်တဲ့ ကရူးစ်က ဒီနှစ်တော့ ဘလွန်းဒီအော်ဆုကို ငါယူမယ်၊ နောက်နှစ်မှပဲ မင်းတို့ယူတော့ဆိုပြီး ဆိုရှယ်မီဒီယာကနေ စားနေတာဖြစ်ပါတယ်။

Credit

image