လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ်
ချစ်တာမှ တကယ်မြတ်မြတ်နိုးနိုးကိုချစ်တာ

တဏှာရာဂကြောင့် ချစ်တာမျိုးလဲ မဟုတ်သလို
လိုအပ်မှ သုံးသည့် လိုသုံးတစ်ယောက်လို အချစ်မျိုးလဲ မဟုတ်ကျဘူး

ဘာမျော်လင့်ချက်မှ မပါကျပေမယ့်
ပိုင်ဆိုင်ဖို့အထိတော့ ရည်ရွယ်ထားကျပါသည်

တစ်ယောက်စိတ်ကို တစ်ယောက်သိနေကျသလို
တစ်ယောက်နဲ့တစ်ယောက်လဲ အရမ်းနားလည်ကျပါသည်

လဲနေတဲ့အချိန် ထူပေးကျသည်
အားငယ်တဲ့ အချိန် အားပေးကျပါသည်

သူငယ်ချင်းလိုလဲ ချစ်ကျသလို
ဆွေမျိုးညီအကို မောင်နှမလိုလဲ ချစ်ကျပါသည်

မိတ်ဆွေအပေါင်းအသင်လို ချစ်ကျသလို
ချစ်သူလိုလဲ ချစ်ကျပါသည်

စကားတွေ အပြန်အလှန်ပြောကျပါသည်
ဖုန်းတွေ အပြန်အလှန် ဆက်ကျပါသည်

လူတချို့ကသူတို့ကို ကြည့်၍ အားကျကြသလို
လူတစ်ချို့ကတော့ ပြစ်တင်ကဲ့ရဲ့ကျပါသည်

ပေါင်းဆုံးခြင်းကို နားလည်ကျသလို
ခွဲခွာခြင်းကိုလဲ လက်ခံနိုင်ကျပါသည်

ပေါင်းဆုံရသည်ဖြစ်စေ
ခွဲခွာရသည် ဖြစ်စေ
သူတို့နှစ်ဦး၏ ချစ်ခြင်းတရားကိုတော့
ဘယ်အရာမျိုးကမှ လာ၍ တားဆီးနိုင်မည်မဟုတ်ပါ

သို့သော်
ကံကြမ္မာကိုတော့ သူတို့မယုံရဲကြပါ

အကြောက်ဆုံးကတော့ ရှင်ကွဲခွဲရခြင်းဖြစ်၍
အဖြစ်ချင်ဆုံးဆန္ဒကတော့ နောက်ဆုံးထွက်သက်ထိ
အေးရင်လဲတူတု ပူရင်လဲ မျမျတတ နေသွားချင်တာမျိုးပါ

ဒါပေမယ့်
ခုချိန်ထိတော့ အဝေးရပ်ကသာ နွေးထွေးအပ်သည့်
စကားတွေနဲ့ နှစ်သိပ်ပေးနေကျဆဲပါ

ဘာဘဲဖြစ်ဖြစ်
သူမသည် ကျနော်ပျောက်ဆုံးနေသော နံရိုးလေးဟု
တင်စားမိသည့်အခါ

လူတစ်ချို့ကတော့
လှောင်ပြောင်နေကျမှာ အမှန်ပါဘဲဗျာ။

☂။6.9.2024

image