4 w - Translate

အာဆင်နယ်နောက်ခံလူ ကလာဖီအိုရီ ဒဏ်ရာကြောင့် အီတလီလူစာရင်းမှ နုတ်ထွက်

အာဆင်နယ်နောက်ခံလူ ကလာဖီအိုရီဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အီတလီလက်ရွေးစင် အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ နောက်ခံလူဟာ ပြင်သစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ပွဲချိန် ၇၁ မိနစ်မှာ ဒဏ်ရာရရှိခဲ့လို့ လူစားလဲခံခဲ့ရတာပါ။

ဒဏ်ရာအခြေအနေကို ကနဦးစစ်ဆေးချက်အရ အနားယူဖို့ လိုအပ်တာကြောင့် အီတလီအသင်းက အာဆင်နယ်အသင်းဆီ ပြန်လည်စေလွှတ်ပေးခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား မယ်ရီနိုဟာလည်း ဒဏ်ရာရရှိသွားသလို ဒက်ကလန်ရိုက်စ်ကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် စပါးနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
DVB

image