4 w - Translate

စပိန်တိုက်စစ်မှူး အော်လ်မို ဒဏ်ရာပြင်းထန်မှာကို ဘာစီလိုနာအသင်း စိုးရိမ်

စပိန်တိုက်စစ်မှူး အော်လ်မိုရဲ့ ဒဏ်ရာပြင်းထန်မှာကို ဘာစီလိုနာအသင်းက စိုးရိမ်နေပါတယ်။

အသက်၂၆ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ဆားဘီးယားနဲ့ သရေကျတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရတာပါ။

ဒဏ်ရာအခြေအနေ ပြင်းထန်မှုမရှိပေမဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဒဏ်ရာပြဿနာတွေ ရှိလာမှာ စိုးရိမ်တာကြောင့် စပိန်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဘက်ကတော့ အော်လ်မိုရဲ့ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်နေပြီး အသေးစိတ် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားရမှာပါ။

ဘာစီလိုနာအသင်းဟာ လာမယ့်တပတ်အတွင်းမှာ ဂျီရိုနာနဲ့ လာလီဂါပွဲ ကစားသွားရဖို့ရှိသလို ဥရောပချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွေ ကစားသွားရမှာ ဖြစ်ပါတယ်။
DVB

image