4 w - Translate

ဂျပန်တွင် အသက် ၁၀ နှစ်ပြည့်မှ စာမေးပွဲ ဖြေရသည့် အကြောင်း

ဂျပန်နိုင်ငံမှာ ၃ တန်းအရွယ် (အသက် ၉ နှစ် အရွယ်) အထိ ဘာ စာမေးပွဲ မှ ဖြေစရာ မရှိပါဘူး။

ကျောင်းတက်ရပါတယ်။ စာလုပ်ရပါတယ်။ သို့ပေမယ့် စားမေးပွဲ မဖြေရပါ ဘူး။ အကြောင်းကတော့ ကျောင်းတက်တဲ့ ပထမ ၃ နှစ်တာကာလရဲ့ မျော်မှန်းချက်ဟာ ပညာမဟုတ်ပဲ အကျင့်စာရိတ္ထဖြစ်လို့ ဖြစ်ပါတယ်။ ယင်း ပထမ ၃ နှစ်အတွင်းမှာ စာ ထက် ကိုယ်အမူအရာ၊ နှုတ်အမူရာ၊ လူမှု ဆက်ဆံ ရေး အစရှိသဖြင့် ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့ စာတွေ ကိုသာ အလေးပေး သင်ကြားပါတယ်။

ရည်ရွယ်ချက်ကလည်း အကျင့်စာရိတ္ထများ ကောင်းမွန်လာစေဖုိ့ ဖြစ်ပါတယ်။ ဂျပန်တို့ ခံယူချက်က ပညာနဲ့ အကျင့်စာရိတ္ထ ယှဉ်ရင် အဓိက နေရာမှာ အကျင့်စာရိတ္ထက ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျောင်းနေအရွယ်က စလို့ ၃ တန်း အရွယ်အထိ ဘာစာမေးပွဲမှ မရှိပဲ အကျင့်စာရိတ္ထကိုသာ ပိုမို အလေးပေး သင်ကြားစေခြင်း ဖြစ်ကြောင်း သိရပါတယ်။
-

image