4 w - Translate

နာကျည်းသွားတာ နဲ့ နာကျင်နေတာကို
မသဲကွဲသေးဘူးထင်တယ် ...
နာကျင်နေပါတယ်ဆိုတာကလေ ...
မင်းက နာကျင်စေတယ်ပေါ့ ပျော်ရွှင်စေတဲ့အခါ
အရာအားလုံးဟာ မေ့မေ့ပျောက်ပျောက်လေး
ဖြစ်သွားလိမ့်မယ် ။ ပြီးရင် ခွင့်လွှတ်ပါလို့ ပြောစရာမလိုပဲ ထပ်ခါထပ်ခါ မဟုတ်ဘူးဆိုရင် ခဏနဲ့ပဲ ပြေပျောက်သွားလိမ့်မယ် ။ နာကျည်းသွားတယ်ဆိုတာကကျတော့ အဲ့လိုမဟုတ်တော့ဘူး ။ တောင်းပန်ပါတယ် ပြောရင်တောင် အဲ့ဒီတောင်းပန်ပါတယ်ဆိုတဲ့စကားကိုတောင် နားခါးသွားတာမျိုး ။
မှတ်ထားပါ ... မင်းကို သိပ်ချစ်ပါတယ်ဆိုတဲ့
လူတစ်ယောက်ကို နာကျင်အောင် လုပ်လို့ရတယ် ပြီတော့ မျက်ရည်တွေ ကျအောင်လုပ်လို့ရတယ် ။ ဒါပေမယ့် မျက်ရည်တွေ ကျနေမိတဲ့အချိန်မှာ ပစ်မထားနဲ့ ကိုယ်က နာကျင်စေပြီးရင် ပြန်တောင်းပန်ဖို့လဲ ၀န်မလေးနဲ့ ပြန်ဂရုစိုက်ပေးဖို့လဲ မတွန့်တိုနဲ့ ။ အရေးကြီးဆုံးက မျက်ရည်တွေကျပြီး မင်းအနားရပ်နေတုန်းမှာ အကြာကြီး ပစ်မထားနဲ့ ။
ဒဏ်ရာ ဒဏ်ချက်တွေ အများကြီး ပေးတာက ပြဿနာတော့မဟုတ်ဘူး ။ ဒါပေမယ့် ခွင့်လွှတ်ပြီးသား အမှားတစ်ခုကို ထပ်ခါထပ်ခါ ကျူးလွန်နေတာမျိုးကျ ရှိပြီးသား ဒဏ်ရာအပေါ် ခဏခဏ နာကျင်စေတာကျ ရိုးရိုးလေးပဲ တွေးကြည့်ပါ ... ခင်ဗျား အနာတစ်ခုဖြစ်တယ် ဓားသေးသေးလေးရှတယ်ပေါ့ ဘာမှ မဟုတ်တဲ့ ဒဏ်ရာလေးပေါ့ မပျောက်သေးခင် နောက်တစ်ခါ အဲ့နေရာမှာပဲ ထပ်ဖြစ်တယ် ထပ်ထပ်ဖြစ်တယ် ပျောက်ဆိုတာ မလွယ်တော့ဘူးလေ ။
စိတ်မှာဖြစ်တဲ့ ဒဏ်ရာတွေကျ ပိုဆိုးတာပေါ့ ။ မင်းကို နှလုံးသားက ဆက်ချစ်နေသေးတယ် ခွင့်လွှတ်ချင်ပါတယ်ဆိုရင်တောင် ဦးဏှောက်က ဘယ်လိုမှ လက်သင့်ခံတော့မှာမဟုတ်ဘူး ။ လူတစ်ယောက်ကို နာကျည်းပြီးသွားရင် သူ ပြုံးနေတာက အစ အပေါ်ယံပဲလို့ တွေးတော့တာ တောင်းပန်နေရင်တောင် အဲ့ဒီတောင်းပန်ပါတယ်ဆိုတဲ့ စကားကို နားထဲမှာ ခါးသွားတာမျိုးလေ ။
လူတစ်ယောက်ကို တကယ်ချစ်သည်ဖြစ်စေ မချစ်ဘူး ဖြစ်စေ နာကျင်စေရုံပဲဆိုတော်ပြီပေါ့ ...ဒဏ်ရာတွေ အထပ်ထပ်ပေးပြီး နာကျည်းသွားအောင်တော့ မလုပ်ပါနဲ့ ။ လူတစ်ယောက် နာကျည်းသွားပြီဆိုရင် အရင်လို ပြန်ဖြစ်ဖို့ခက်သလို အရင်လို ပြန်ခွင့်လွှတ်ပေးနိုင်ဖို့ တော်တော်လေး ခက်တယ် ။

ကျေးကို

image