4 w - Translate

အမြဲတမ်း လွဲချော်နေကြတဲ့
တွေ့ဆုံမှုတွေဟာ ဒီကမ္ဘာမှာ ရှိကို ရှိတယ်---"

သူ တမ်းတချိန် ကိုယ် မကြားမိတာမျိုး
ကိုယ် တမ်းတချိန် သူ ရှိမနေတာမျိုး---"

ဒီနေရာကို ကိုယ်ရောက်ခဲ့ပေမယ့် သူ ရှိမနေတာမျိုး
သူ စောင့်နေပေမယ့် ကိုယ် မရောက်ခဲ့တာမျိုး---"

အကြိမ်ကြိမ် အခါခါ တွေ့ဆုံဖို့ ကြိုးစားပေမယ့်
အကြိမ်ကြိမ် အခါခါ လွဲချော်နေခဲ့ကြတယ်---"

ဆရာ အောင်ချိမ့် ကဗျာလေးလိုပေါ့
“ ငါတို့ဘယ်ရထားမှာ လွဲခဲ့ကြတာလဲ
တစ်ခါလွဲရင် နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ “

ဒီလိုနဲ့ပဲ ငါတို့ တစ်ဘဝစာ လွဲချော်ခဲ့ကြတယ်---"

#ကဗျာ-Poem

image