4 w - Translate

လက်တွေ့ဆန်တဲ့ စိတ်ကူးယဉ်ကမ္ဘာ (သို့)
AI (Artificial Intelligence) နည်းပညာ

AI ဆိုတာဘာလဲ ?
AI မှာ ဘာတွေအသုံးပြုလို့ရတာလဲ ?
ဆိုတာတွေကို My Space ရဲ့ ချစ်ရသူတို့တော်တော်များများ ရင်းနှီးကျွမ်းဝင်တဲ့ အနေအထားရှိနေပေမယ့် AI နည်းပညာရဲ့ နေ့စဉ် အရှိန်အဟုန်နဲ့ အံမခန်းတိုးတက်နေမှုတွေကိုတော့ သိရှိနေဖို့ လိုအပ်ပါတယ်။

AI ဆိုတာ သဘာဝဘာသာစကားများကို နားလည်ခြင်း၊ ပုံစံများကို အသိအမှတ်ပြုခြင်း၊ ပြဿနာများကို ဖြေရှင်းခြင်းနှင့် ဆုံးဖြတ်ချက်များချခြင်းအစရှိတဲ့ အလုပ်များကို လုပ်ဆောင်နိုင်သည်ဟု အခြေခံအားဖြင့် သိထားသင့်ပြီး လတ်တလောလူတိုင်းရဲ့ စိတ်ဝင်စားမှုနှုန်းမြင့်တက်နေတဲ့ AI ရဲ့ တိုးတက်လာနေတဲ့ ဖန်တီးမှုတွေကို အချက်အလက်အနည်းငယ်နဲ့ အတူပြောပြပေးလိုက်ပါတယ်။

1. Information Retrieval
မေးခွန်းများကို ဖြေဆိုခြင်းနှင့် ခေါင်းစဉ်အမျိုးမျိုးအတွက် အချက်အလက်များကို ပံ့ပိုးပေးခြင်း။

2. ဒေတာခွဲခြမ်းစိတ်ဖြာခြင်း
ခေတ်ရေစီးကြောင်းနှင့် ထိုးထွင်းသိမြင်မှုများကို ဖော်ထုတ်ရန် ကြီးမားသောဒေတာအတွဲများကို ပိုင်းခြားစိတ်ဖြာခြင်း။

3. အလိုအလျောက်စနစ်
လုပ်ငန်းလုပ်ငန်းစဉ်များ (သို့မဟုတ်)Software ဖွံ့ဖြိုးတိုးတက်မှုအတွက် ထပ်တလဲလဲလုပ်ဆောင်ရမည့်တာဝန်များကို လုပ်ဆောင်ခြင်း။

4. Natural Language Processing
ဘာသာပြန်ခြင်းနှင့် စာသားအကျဉ်းချုပ်အတွက် လူ့ဘာသာစကားကို နားလည်ခြင်းနဲ့ ဖန်တီးပေးခြင်း။

5. Predictive Modeling
သမိုင်းအချက်အလက်များအပေါ်အခြေခံ၍ လမ်းကြောင်းများ သို့မဟုတ် ရလဒ်များကို အနီးစပ်ဆုံး ခန့်မှန်းခြင်း။

6. ရုပ်ပုံနှင့် စကားပြော အသိအမှတ်ပြုမှု
Media အမျိုးမျိုးက အရာဝတ္ထုများ၊ မျက်နှာများ (သို့မဟုတ်) စကားပြောသော စကားလုံးများကို ခွဲခြားသတ်မှတ်ခြင်း။

7. ကိုယ်ရေးကိုယ်တာ
အသုံးပြုသူစိတ်ကြိုက်ပြင်ဆင်မှုအပေါ်အခြေခံ၍ အကြံပြုချက်များ သို့မဟုတ် အကြောင်းအရာကို ပုံဖော်ခြင်း။


ဒီလိုအချက်တွေအပေါ် မူတည်ပြီး AI ဟာ မျက်စိနဲ့ မြင်ရပြီး ထိတွေ့မှု မရနိုင်တဲ့အရာများ (ဥပမာ - မှတ်ဉာဏ်တု နည်းပညာ )
မျက်စိဖြင့်မြင်ရပြီး ထိတွေ့လို့ရနိုင်တဲ့အရာများ (AI စက်ရုပ်များ) ကို လက်ရှိအချိန်မှာကို ဖန်တီးနိုင်ပေသည်။

အခုလို AI နည်းပညာရဲ့ လက်တွေ့ဆန်လှတဲ့ တီထွင်မှုများကြောင့် သက်ရှိလူသားများကြားမှာ လူသားအစားထိုးအလုပ်လုပ်ကိုင်နိုင်မှုများ၊Data များ အလွဲသုံးစားလုပ်နိုင်မှုစတဲ့ စိတ်ကူးယဉ်ဆန်လှတဲ့ လက်တွေ့ဖြစ်ရပ်များကို ဖြစ်ပေါ်စေနိုင်တာကြောင့် AI ကို ကန့်သတ်ထိန်းချုပ်ဖို့အထိ ကောလဟာလများထွက်ပေါ်လျှက်ရှိနေကြောင်း ရေးသားတင်ပြလိုက်ရပါတော့သည်။

#myspaceadmin
#frankiestories

image