4 w - Translate

တဖြေးဖြေးနဲ့
အသက်အရွယ်တစ်ခု ရလာတော့
တိတ်ဆိတ်အေးချမ်းမှုကိုသာ
မက်မောလာတယ် ။

ဘယ်အရာမှ မမြဲဘူးဆိုတာကို
အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရတော့
ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာဆိုတာကို
နှလုံးသွင်းတတ်လာတယ် ။

ရေစက်ရှိသလောက်ပဲ ကြုံတွေ့ရမှာမို့
ဘယ်သူနဲ့ပဲဖြစ်ဖြစ်
ဆုံစည်းခွင့် ရတုန်းလေးမှာ
စိတ်ကလေးကို
အတတ်နိုင်ဆုံး ဖြူအောင်ထားဖြစ်တယ်...

ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်ပြီး
ခွင့်မလွှတ်နိုင်တော့ရင် မပတ်သက်ခြင်းဖြင့်သာ
ကိုယ့်စိတ်အေးချမ်းမှုကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။