4 w - Translate

မင်းကိုဘယ်သူတွေက နာကျင်စေသလဲ
အဲ့ဒီနာကျင်မှုကိုယူထား
စွဲစွဲမြဲမြဲ စိတ်ထဲထား ရုန်းကန်ခြင်းနေရာမှာ
လောင်စာအဖြစ် ထည့်ပြီး
နှစ်ဆ ရုန်းကန်ပစ် ။

မင်းကိုဘယ်သူတွေ တိုက်ချသွားသလဲ
မင်းစိတ်ထဲမှာ မင်းကျသွားတဲ့
အရှိန်ကြောင့် ရလာတဲ့ ဒဏ်ရာကိုမှတ်ထား
ပြီးရင် အဲ့ဒီ ဒဏ်ရာကို တမြေ့မြေ့တွေးပြီး
မင်းရဲ့ အလုပ်လုပ်ချင်စိတ်ကို
တွန်းအားအဖြစ် မွေးထား ။

မင်းကိုဘယ်သူတွေကဲ့ရဲ့သွားသလဲ
အဲ့ဒီကဲ့ရဲ့ခြင်း အစနဲ့ အဆုံးရဲ့ရယ်သံလေးကအစ
မင်းဦးနှောက်ထဲ ဖမ်းယူထား
အမြဲတမ်း နာရီနိုးစက် တစ်ခု သံပတ်ပေးထား
ပြီးရင် မင်းရဲ့အိပ်မက်တွေကို
အကောင်အထည်ဖော်တဲ့နေရာမှာ
မင်း လက်လျှော့ချင်လာပြီဆိုရင်
အဲ့ဒီ ကဲ့ရဲ့သံတွေကို ပြန်ပြီးကိုယ့်ကိုယ်ကိုယ်
ထပ်ခါထပ်ခါ ပြန်နားထောင်ခိုင်း..

နာကျင်မှုတွေကို တနုံ့နုံနဲ့ ခံစား
ပြီးရင် ရှေ့ဆက်သွား
အဲ့ဒီနာကျင်မှုကို ဖိနပ်လုပ်ပြီး စီးထား
မင်းသွားလေရာ ယူစီးသွား
မင်းအလုပ်လုပ်တဲ့နေရာမှာ
ရုန်းကန် ဖို့ အဲ့ဒီနာကျင်မှုတွေကို
မွေးထား ...

လောကကြီးမှာ ကိုယ့်စိတ်ရောခန္ဓာပါ
နာကျင်မှုမြောက်စေတဲ့လူမှန်သမျှဆီက
အရိပ်အသံ ကလေးကအစ
မင်းဦးနှောက်ထဲထည့်သိမ်းပြီး
ဒေါသခံပြင်းစိတ်နဲ့ အသုံးချ ..

စိန်ကောင်းတစ်ပွင့်ဖြစ်လာဖို့
ဖိအားသိပ်သည်းဆကို အလူးအလဲခံရပြီးမှ
ဖြစ်တည်ကြရသတဲ့ ..

မင်းလည်း မင်းကို ဖိချေနင်းသွားသမျှကို
သိစိတ်ရော မသိစိတ်ထဲမှာပါထားပြီး
မင်းရဲ့ ပစ္စုပ္ပန် အလုပ်ထဲကိုထည့်ပြီး
နှစ်ဆ ကြိုးစား..

အဲ့ဒါအကောင်းဆုံးသော မော်တီဗေးရှင်းပဲ။

#luah(AungKhinSitt)
60pm
#မော်တီဗေးရှင်း
#moti

image