4 w - Translate

ငါသဘောကျမိလိုက်တာနဲ့
တစ်ဖက်လူဟာ ပင်ပန်းရတော့တာပဲ။
မဆိုင်ဘဲ ဝင်စွက်ဖက်ချင်ရတာနဲ့
ပိုပိုသာသာလေး ဂရုစိုက်ချင်ရတာနဲ့
ကြိုက်လား မသိ၊ မကြိုက်လား မသိ
အသေးအမွှားလေးတွေကအစ ပြောပြချင်ရတာနဲ့
ကပ်ဘေးတစ်ခုလို အတင်းတွယ်ငြိ။
အဆိုးဆုံးကတော့ အလိုက်ကမ်းဆိုး မသိချင်ယောင် ဆောင်တာပဲ။
တစ်ဖက်လူက စိတ်မရှိတာ တောင်
ငါက သူ့ပုခုံးတွေကို အတင်းကုပ်တွယ်
“ချစ်ပါတယ်” လို့ မကြာခဏ ပြောနေမိတယ်။

---
🌻🤍
#tarmhyuunge