လူတစ်ယောက်
ငွေထုပ်ကြီး ပျောက်သွားတယ်။
အဲ့ဒါနဲ့ ဘေးအိမ်က
ဘုန်းကြီးလူထွက်ကို လှမ်းကြည့်လိုက်တော့
ဘုန်းကြီးလူထွက်က လုံးဝကို သူခိုးရုပ်ပေါက်နေတယ်။
ငွေထုပ်ပိုင်ရှင်က စိတ်ထဲမှာ တွက်လိုက်တယ်။
ငါ့ပိုက်ဆံထုပ် ဒီဘုန်းကြီးလူထွက်ခိုးတာပဲ ဆိုပြီး။
ညနေရောက်တော့ ပိုက်ဆံထုပ်ပြန်တွေ့တယ်။
ဘယ်သူမှ ခိုးတာ မဟုတ်ပါဘူး။
သူ့ဖာသာ အထားမှားတာ။
အာ့နဲ့ ဘေးအိမ်က
ဘုန်းကြီးလူထွက်ကို လှမ်းကြည့်လိုက်တော့
လုံးဝ သူခိုးရုပ် မပေါက်ဘူး။
အဲ့ဒါ " ဆရာကြီးမင်းသိင်္ခရဲ့"
ဝတ္ထု ဇာတ်ကွက်လေး တစ်ခုပါ။
တကယ်တော့ လူတစ်ယောက်က
အထင်ကြီးစရာကောင်းနေတယ်၊
အထင်သေးစရာကောင်းနေတယ်
ဆိုတာ ငါတို့ရဲ့ ရူမြင်ချက်သက်သက်ပါပဲ။
"ငါလေးစားတဲ့လူပဲ" ဆိုပြီး
ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး ကိုးကွယ်မူ့ မလုပ်သင့်ဘူး
လူတစ်ယောက်ကို လူတစ်ယောက်လို မြင်တာပဲ
အဆင်ပြေပါတယ်။
အဲ့ဒီလူရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို
သင့်ရဲ့ ကိစ္စကြီးတစ်ခုလို လုပ်နေတာက
အချိန်ဖြုန်းခြင်း သက်သက်ပါ။
လူတစ်ယောက်ဆီက ယူစရာအသိပညာရှိရင် ယူလိုက်။
အဲ့ဒိလူက မဟုတ်တာလုပ်နေရင်လည်း
ငါ့ကျရင်တော့ အဲ့လိုအမှားမျိုး မလုပ်ဘူး၊
အဲ့လိုအတွေးမျိူး မတွေးဘူး၊
အဲ့လို စာမျိုးမရေးဘူး ဆိုပြီး သင်္ခန်းစာယူလိုက်။
ဒါဆို မင်းဘဝအတွက် အများကြီး အကျိူးရှိတယ်။
" မင်းက ငါ မဟုတ်သလို
ငါကလည်း မင်း မဟုတ်ပါဘူး။ "
ကိုယ့်အလုပ်ကိုယ် လုပ်ခြင်းဖြင့် ဂုဏ်ယူပါ။
🅲🆁🅴🅳🅸🆃စာပေဥယျာဉ်