4 w - Translate

ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ စိတ်နှလုံးသား ဖြူစင်သန့်ရှင်းမူ

သူသည် အလွန်မတန်မှ ညံ့ဖျင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါသည်။ သူ့ဘဝကို ကြီးပွား တိုးတက်လိုစိတ် မရှိသည့်အပြင် ဘဝရှေ့ရေး မျှော်ကိုး တတ်သူ မဟုတ်၍ လူတိုင်းက နိုင်ကြပါသည်။ သူသည် အားနာကြီးသူ ဖြစ်သည်။ သူသည် အမှန်တရားကိုပဲ လိုလားသောသူ တစ်ယောက်ဖြစ်၍ မဟုတ်မမှန် ပြောဆိုပြီး ချမ်းသာအောင်လည်း မလုပ်တတ်သူ ဖြစ်ပါသည်။

သူ့တွင် ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ စိတ်နှလုံးသား ဖြူစင်သန့်ရှင်းမူ အပြည့်အဝ ရှိပါသည်။ ထိုသူများသည် အောင်မြင်သူ တစ်ယောက် ဖြစ်လာမည် မဟုတ်
ထိုသူသည် ငွေကြေး ဥစ္စာ ပေါကြွယ်ဝသော သူတစ်ယောက် ဖြစ်လာမည် မဟုတ်။ သို့သော် သူသည် တန်ဖိုးရှိသော လူသားတစ်ယောက် ဖြစ်လာမည်။

အောင်မြင်သော သူတိုင်းသည် တန်ဖိုး မရှိသလို တန်းဖိုးရှိသော သူတိုင်းဟာလည်း အောင်မြင်သူ မဟုတ်ပါ။ အရေးကြီးသော အဖိုးထိုက် တန်သော အရာသည်က ရင်ထဲက ဖြူစင်စိတ်ထား အမှန်တရားသာ ဖြစ်ပေသည်။

image