4 w - Translate

ကရင်ပြည်နယ် ဘားအံမြို့ နောင်လုံတောင်ကြားအနီးက

ကော့ကသောင်ဂူ

ဘားအံမြို့ကနေလာရင် ၁၀ မိနစ်ခန့် ဆိုရင် ရောက်ပါပြီ။ နောင်လုံတောင်ကြားမရောက်ခင်နားမှာ နောင်လုံတောင်ကြားမရောက်ခင် ဘယ်ဖက်မှာ ကော့ကသောင်ဂူအဝင် မုတ်ဝရှိပါတယ်။ ညာဖက်မှာ ကော့ကသောင်ဂူရှိပြီး တည့်တည့်ဆက်သွားလိုက်ရင် ဗုဒ္ဓဂါယာနဲ့ လက္ခဏရွာကို ရောက်ပါတယ်။

ကော့ကသောင်ဂူဟာ ဘားအံက တခြားဂူတွေလိုတော့ မရှည်ပဲ ဂူရဲ့အပြင်ဖက်မှာ လည်ပတ်စရာနေရာတွေ ပေါများပါတယ်။ စားသောက်ဆိုင်တန်းက ကော့ကသောင်ဂူ အနောက်မှာရှိပါတယ်။ သဘာဝရေကူးကန်နဲ့ စားသောက်ဆိုင်တန်းရှိတာမို့လို့ လာလည်သူများပြားပါတယ်။ စားသောက်ဆိုင်တန်းသွားတဲ့ လမ်းတစ်ဝက်မှာ ပတ္တမြားဂူလည်း ရှိပါတယ်။

ကော့ကသောင်ဂူအရှေ့မှာ တောင်တက်လို့ရတဲ့ တောင်တက်လှေခါးလည်း ရှိပါတယ်။ တောင်က သိပ်မမြင့်ပဲ ၁၀ မိနစ်ခန့်သာ တက်ရတာပါ။ တောင်ပေါ်ကနေကြည့်ရင် နောင်လုံတောင်ကြားကို အပေါ်စီးကနေ မြင်နိုင်ပါတယ်။

ကော့ကသောင်ဂူအနောက်မှာလည်း တောင်ပတ်လမ်းတစ်ခုလည်း ထပ်ဖောက်နေတာမို့လို့ နောင်တစ်ချိန်မှာ လည်ပတ်စရာနေရာတစ်ခု ထပ်တိုးလာနိုင်ပါတယ်

image