4 w - Translate

အကြောက် သစ်ကိုင်းကို ခုတ်ပြစ်လိုက်ပါ

တခါက ဘုရင် တစ်ပါးသည် အလွန်လှပသော သိမ်းငှက် နှစ်ကောင် လက်ဆောင် ရရှိသည်၊ သိမ်းငှက်များကို လေ့ကျင့်ပေးသော ဆရာ လက်ထဲ အပ်လိုက်ရာ တစ်ကောင်မှာ နန်းတော်ထက် ကောင်းကင်တွင် လှပစွာ ပျံဝဲနိုင်လာသည်။

သို့သော် နောက်တစ်ကောင်မှာကား ယင်းကို မူလကပင် တင်ထားပေးသည့် အကိုင်းကြီး တစ်ကိုင်းမှာပင် နားနေပြီး ပျံသန်းနိုင်ခြင်း လုံးဝ မရှိသေးပေ။ ဘုရင်ကြီးမှာ ပို၍ တော်သော လေ့ကျင့် ပေးနိုင်သူများ၊ ဆေးဆရာများကို ခေါ်ယူပြီး ယင်းငှက်ကို ပျံသန်းနိုင်အောင် ပြုလုပ်စေသော်လည်း မအောင်မြင်ပေ။

ထိုကြောင့် ဘုရင်ကြီးက နောက်ဆုံးတွင် အလွန်တော်သော မှူးကြီး မတ်ကြီးများကို တိုင်ပင်ပြီး အကြံဥာဏ် ယူ၍ အမျိုးမျိုး ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ နံနက်တိုင်း မျှော်လင့်ချက်ဖြင့် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တိုင်း သစ်ကိုင်းပေါ်တွင် ပျံသန်းမှု လုံးဝ မရှိဘဲ ငူငူကြီး နားနေသော သိမ်းငှက်ကိုသာ တွေ့နေရသည်။

နောက်ဆုံး ရှင်ဘုရင်ကြီးမှာ ကြံရာ မရတော့သဖြင့် သူ၏ အမတ် တစ်ဦးကို ခေါ်ပြီး ကျေးလက် တောရွာ တစ်ရွာမှ သဘာဝနှင့် နီးစပ်သော သာမန် ရွာသား တစ်ဦးကို ခေါ်လာခိုင်းလိုက်သည်။

နောက်နေ့ နံနက် ရောက်သော် ဘုရင်ကြီးမှာ မျှော်လင့့်ချက် မထားဘဲ ထုံးစံအတိုင်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ နန်းတော်၏ အထက်တွင် လှပစွာ ပျံသန်းနေသော နဂို လေးလံသော သိမ်းငှက်ကို အံ့သြဖွယ်တွေ့လိုက်ရ၍ ဝမ်းသာသွားသည်။

ထိုကြောင့် ထိုရွာသားကို ရှေ့တော် သွင်းစေပြီး သိမ်းငှက်ကို မည်သို့ မည်ပုံ ပျံသန်းနိုင်အောင် လုပ်ပေး ခဲ့ကြောင်း ခေါ်ယူပြီးမေးမြန်းသည်။

တကယ်တော့ သိမ်းငှက်ကို ပျံအောင် လုပ်ရတာ တော်တော် လွယ်ပါတယ်။ ကျွန်တော်မျိုးက သိမ်းငှက် နားနေတဲ့ အကိုင်းကို ဓားနဲ့ ခုတ်ပြစ်လိုက်တာနဲ့ ထပျံတော့တာပါဘဲ။

မှန်ပါပေသည်၊ သိမ်းငှက်ကဲ့သို့ပင် လူသားများသည်လည်း မိမိတို့နှင့် ( familiar) အကျွမ်းတဝင် ဖြစ်ပြီးသော အရာများကို အလွယ်တကူ လက်မလွှတ်ချင်ကြ။ အထူးသဖြင့် သက်တောင့် သက်သာ ရှိသော အခြေအနေမျိုး၊ နေရာမျိုး ( comfort zone) ကိုဆိုလျင် ပို၍ပင် လက်မလွှတ်လိုကြ၊ အမှန်တွင် လူတစ်ဦး၏ လုပ်ကိုင်နိုင်စွမ်းမှာ အကန့်အသတ် မရှိ၊ ကန့်သတ်၍ မရစကောင်းပေ၊ လွတ်လပ်စွာ ပျံသန်းနိုင်သည့် သိမ်းငှက် တစ်ကောင်ကဲ့သို့ ဖြစ်သည်ဆိုလျင် မမှားနိုင်ပေ။

ထို့ကြောင့် ကျွန်ုပ်တို့ မှီခို တွယ်ဖက်ထားသော သစ်ကိုင်းကဲ့သို့သော အကြောက်တရားများကို ခုတ်ဖယ်ပြစ်ပြီး အမြင့်ဆုံးရောက်အောင် ပျံသန်းလိုက်ကြပါစို့။

Photo Ref : peregrinefund.org
လူပိန်း (ရိုးရာလေး)
www.yoyarlay.com

#lupain_yyl
#article_yyl

(unicode version)
အကြောက် သစ်ကိုင်းကို ခုတ်ပြစ်လိုက်ပါ

တခါက ဘုရင် တစ်ပါးသည် အလွန်လှပသော သိမ်းငှက် နှစ်ကောင် လက်ဆောင် ရရှိသည်၊ သိမ်းငှက်များကို လေ့ကျင့်ပေးသော ဆရာ လက်ထဲ အပ်လိုက်ရာ တစ်ကောင်မှာ နန်းတော်ထက် ကောင်းကင်တွင် လှပစွာ ပျံဝဲနိုင်လာသည်။

သို့သော် နောက်တစ်ကောင်မှာကား ယင်းကို မူလကပင် တင်ထားပေးသည့် အကိုင်းကြီး တစ်ကိုင်းမှာပင် နားနေပြီး ပျံသန်းနိုင်ခြင်း လုံးဝ မရှိသေးပေ။ ဘုရင်ကြီးမှာ ပို၍ တော်သော လေ့ကျင့် ပေးနိုင်သူများ၊ ဆေးဆရာများကို ခေါ်ယူပြီး ယင်းငှက်ကို ပျံသန်းနိုင်အောင် ပြုလုပ်စေသော်လည်း မအောင်မြင်ပေ။

ထိုကြောင့် ဘုရင်ကြီးက နောက်ဆုံးတွင် အလွန်တော်သော မှူးကြီး မတ်ကြီးများကို တိုင်ပင်ပြီး အကြံဉာဏ် ယူ၍ အမျိုးမျိုး ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ နံနက်တိုင်း မျှော်လင့်ချက်ဖြင့် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တိုင်း သစ်ကိုင်းပေါ်တွင် ပျံသန်းမှု လုံးဝ မရှိဘဲ ငူငူကြီး နားနေသော သိမ်းငှက်ကိုသာ တွေ့နေရသည်။

နောက်ဆုံး ရှင်ဘုရင်ကြီးမှာ ကြံရာ မရတော့သဖြင့် သူ၏ အမတ် တစ်ဦးကို ခေါ်ပြီး ကျေးလက် တောရွာ တစ်ရွာမှ သဘာဝနှင့် နီးစပ်သော သာမန် ရွာသား တစ်ဦးကို ခေါ်လာခိုင်းလိုက်သည်။

နောက်နေ့ နံနက် ရောက်သော် ဘုရင်ကြီးမှာ မျှော်လင့့်ချက် မထားဘဲ ထုံးစံအတိုင်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ နန်းတော်၏ အထက်တွင် လှပစွာ ပျံသန်းနေသော နဂို လေးလံသော သိမ်းငှက်ကို အံ့သြဖွယ်တွေ့လိုက်ရ၍ ဝမ်းသာသွားသည်။

ထိုကြောင့် ထိုရွာသားကို ရှေ့တော် သွင်းစေပြီး သိမ်းငှက်ကို မည်သို့ မည်ပုံ ပျံသန်းနိုင်အောင် လုပ်ပေး ခဲ့ကြောင်း ခေါ်ယူပြီးမေးမြန်းသည်။

တကယ်တော့ သိမ်းငှက်ကို ပျံအောင် လုပ်ရတာ တော်တော် လွယ်ပါတယ်။ ကျွန်တော်မျိုးက သိမ်းငှက် နားနေတဲ့ အကိုင်းကို ဓားနဲ့ ခုတ်ပြစ်လိုက််တာနဲ့ ထပျံတော့တာပါဘဲ။

မှန်ပါပေသည်၊ သိမ်းငှက်ကဲ့သို့ပင် လူသားများသည်လည်း မိမိတို့နှင့် ( familiar) အကျွမ်းတဝင် ဖြစ်ပြီးသော အရာများကို အလွယ်တကူ လက်မလွှတ်ချင်ကြ။ အထူးသဖြင့် သက်တောင့် သက်သာ ရှိသော အခြေအနေမျိုး၊ နေရာမျိုး ( comfort zone) ကိုဆိုလျင် ပို၍ပင် လက်မလွှတ်လိုကြ၊ အမှန်တွင် လူတစ်ဦး၏ လုပ်ကိုင်နိုင်စွမ််းမှာ အကန့်အသတ် မရှိ၊ ကန့်သတ်၍ မရစကောင်းပေ၊ လွတ်လပ်စွာ ပျံသန်းနိုင်သည့် သိမ်းငှက် တစ်ကောင်ကဲ့သို့ ဖြစ်သည်ဆိုလျင် မမှားနိုင်ပေ။

ထို့ကြောင့် ကျွန်ုပ်တို့ မှီခို တွယ်ဖက်ထားသော သစ်ကိုင်းကဲ့သို့သော အကြောက်တရားများကို ခုတ်ဖယ်ပြစ်ပြီး အမြင့်ဆုံးရောက်အောင် ပျံသန်းလိုက်ကြပါစို့။

image