4 w - Translate

ခေါင်းလျော်ရည်လုပ်နည်း
===============

အိမ်ရှင်မတို့ရေ ဘယ်မြို့ဘယ်ဒေသမဆို စျေးထဲမှာတော့ ကန်စွန်းရိုးနီက စျေးအပေါဆုံးပဲနော်

ဒီရာသီမှာ ကန်စွန်းရိုးနီက အရင့်တွေများတယ် ထိပ်ဖျားလောက်ပဲ နုတာမို့ချဉ်ဟင်းချက်စားဖို့ဆို အောက်ပိုင်းကအရင့်တွေကို ဖယ်ပြီးလွှင့်ပစ်ရတာကများတယ်။

အခုကျမမျှဝေမဲ့နည်းကလေ ပါတ်ဝန်းကျင်ကအသီးအရွက်တွေ အလေအလွင့်တခုမှ မရှိရလေအောင်အသုံးချမဲ့နည်းပါ။ကျမကိုယ်တိုင်လဲ သုံးနေတာမို့ရဲရဲဝံ့ဝံ့ညွှန်ရဲပါတယ်။

သဘာဝခေါင်းလျော်ရည်လုပ်နည်းလေး မပြောပြခင် ကန်စွန်းရိုးနီအစွမ်းလေးကိုနဲနဲလောက်လျှာရှည်ဦးမယ်နော်
ကန်စွန်းရိုးနီက ဆံသားကိုအရှည်မြန်စေတဲ့အစွမ်းသတ္တိရှိတယ်/ဆံပင်နှစ်ခွဖြစ်သူတွေ /ဆေးဆိုးထားလို့ဆံသားပျက်စီးနေသူတွေ/ကောက် ဖြောင့် ကြေ အမျိုးမျိုးလှချင်တဲ့ ကျမတို့အိမ်ရှင်မတွေ မိခင်တွေ အတွက်တကယ်က်ိုအစွမ်းထက်တဲ့သဘာဝကပေးထားတဲ့လက်ဆောင်တစ်ခုပါ။
သဘာဝခေါင်းလျော်ရည်မှာ ကျမအဓိကသုံးထားတာ ကန်စွန်းရိုးနီပါ။
ဒါ့အပြင်ထပ်သုံးနိုင်တာတွေလဲရေးပေးထားတယ်နော်

ထောလပါတ်ရွက် =ဆံသားနက်မှောင်
လက်ဖက်=ဆံသားတောက်ပြောင်/ဆံပင်ဖြူပြန်ပြီးနက်( ၅ ကျပ်သား)
ရှားစောင်းလက်ပါတ်=သန်းသေ /ဦးရေအေး
တမာရွက်/ရိုး/ခေါက်/ရှောက်သီးခွံ=ဗောက်/မှို /သန်း/ဦးရေပြားရောဂါပျောက်
ကြိတ်မှန်ရွက်=ဆံပင်သန်စွမ်း
အုန်းဆီ=ဆံသားနူးညံ့
ပျားရည်=ဆံသားတောက်ပြောင်
ပိတောက်ရွက်=ဦးရေအေးပြီးဆံပင်ကျွတ်သက်သာ
တရော်ကင်ပွန်း=ဦးရေအေး(တစ်ထုပ်လောက်ထည့်ရင်အဆင်ပြေပါတယ်)

(အထက်ပါပါဝင်ပစ္စည်းအရွက်များကို တမည်ကို အနည်းဆုံး ၁၀ ကျပ်သားခန့်ထည့်နိုင်ပါတယ်။အုန်းဆီနဲ့ပျားရည်ကတော့ ၅ကျပ်သားစီထည့်ရင်လုံလောက်ပါပြီ)

N-70 (ချွဲဆေး) =1 kg
NaCl=1/2 kg
ပုလဲမှုန့်=1/2 teaspoon(အလှထည့်တာမို့မထည့်လဲရပါတယ်)
(ထုံးစံအတိုင်းကုန်ကြမ်းက ရန်ကုန်ဆို 27 လမ်း မန်းလေးဆ်ို စျေးချိုထဲကနေခြည်ဆိုးဆေးနဲ့ဆပ်ပြာကုန်ကြမ်းဆိုင်မှာမေးဝယ်ပါနော်)

သဘာဝကိုအလေးပေးထားတာမို့သဘာဝအရောင်နဲ့အနံ့အတိုင်းပဲထားပါတယ်။

ပြုလုပ်နည်း
======
မိမိထည့်မဲ့ပါဝင်ပစ္စည်းအမည်များကိုရေစင်စင်ဆေးပြီးနုတ်နုတ်စင်းထားပါ။ကြိတ်စက်ရှိ်သူတွေကလဲကြိတ်ထားလို့ရတယ်နော်။
ရေသန့် 10 liters နဲ့ကြိတ်ထားတဲ့ ပါဝင်ပစ္စည်းများကိုမီးအေးအေးနဲ့ပြုတ်ထားပါ။(အချိန်တော့အတော်ပေးရမယ်)။အရွက်တွေနူးအိသွားမှသာ အာနိသင်ပြည့်ဝမှာဖြစ်ပါတယ်။

အရွက်ပြုတ်နေချိန်မှာရေသန့်1 liter နဲ့N-70ကိုနာနာမွှေပြီးပျော်အောင်မွှေထားပါမယ်

NaCl ကိုလဲရေသန့်1 liter နဲ့ပျော်အောင်ဖျော်ထားပါ။

အရွက်ပြုတ်ရည်တွေအရောင်ပြောင်းနူးအိပြီဆိုရင်တော့ အိုးထဲမှာအနည်းဆုံး 5 liters ကျန်နေမှာဖြစ်ပါတယ်

အရွက်ပြုတ်ရည်တွေကို သေချာစစ်ပါ။(5 liters)
ဖျော်ထားတဲ့ N 70 နဲ့ NaCl အတူတူရောမွှေလိုက်ပါ။
အုန်းဆီနဲ့ပျားရည် ပုလဲမှုန့်ကိုရောဖျော်ပြီး တခါထပ်မွှေပါ။

တစ်ညသိပ်ထားလိုက်ပြီးနောက်တနေ့မှာမိမိအလိုရှိရာဘူးထဲထည့်ပြီး သုံးနိုင်တဲ့ သဘာဝ ခေါင်းလျော်ရည် ရပါပြီရှင့်

image