4 w - Translate

အဘွားအိုကို နင်းသတ်ခဲ့တဲ့ဆင်က ဈာပနအခမ်းအနားမှာ ထပ်ရောက်လာပြီး ရုပ်အလောင်းကို နင်းခြေခဲ့

အိန္ဒိယမှာ ဘေးမဲ့တောထဲကနေ လွတ်လာတဲ့ ဆင်တစ်ကောင်က ရေသွားခပ်တဲ့ အဘွားအိုတစ်ယောက်ကို နင်းသတ်ခဲ့သလို ဈာပနအခမ်းအနားမှာ ထပ်ရောက်လာပြီး သူ့ရဲ့အလောင်းကို ထပ်နင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရိုင်ပါလာရွာမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အဘွားအို မာယာမာမူက ရေခပ်ထွက်တုန်း ဆင်နင်းခံခဲ့ရတာပါ။ သူ့ကို ဆေးရုံတင်ပို့ခဲ့ပေမဲ့ ဆေးရုံမှာပဲ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

အဲဒီနေ့ညနေပိုင်းမှာ ဈာပနအခမ်းအနား ကျင်းပနေတုန်း အဲဒီဆင်က ထပ်ရောက်လာပြီး မာယာမာမူရဲ့ရုပ်အလောင်းကို ထပ်နင်းခြေကာ နှာမောင်းနဲ့ ဆွဲလွှင့်ပစ်ခဲ့ပါတယ်။ ဆင် ပြန်ထွက်သွားတော့မှ ကျန်ရစ်သူမိသားစုက ဈာပနအခမ်းအနား ဆက်လက်ကျင်းပနိုင်ခဲ့တာပါ။

image