4 w - Translate

ဟာလန်းကို လုပ်ခအများဆုံးပေးပြီး သက်တမ်းတိုးရန် မန်စီးတီး စီစဉ်

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းကို လုပ်ခအများဆုံးပေးပြီး သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မန်စီးတီးအသင်းက ကာလရှည်စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်ထားတာပါ။

ဟာလန်းဟာ ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲမှာ ၇ ဂိုး သွင်းယူထားသူပါ။

မန်စီးတီးအသင်းမှာ ကွင်းလယ်လူ ဒီဘရိုင်းက လုပ်ခအများဆုံးကစားသမား ဖြစ်ပြီး ဟာလန်းအနေနဲ့ စာချုပ်သစ်ကို လက်ခံမယ်ဆိုရင် မန်စီးတီးမှာ သာမက ပရီးမီးယားလိဂ်မှာပါ လုပ်ခအများဆုံးကစားသမား ဖြစ်လာမယ်လို့ သိရပါတယ်။

စပိန်သတင်းစာ မာကာကတော့ ရီးရဲလ် မက်ဒရစ်အသင်းဟာ ဟာလန်းရဲ့ စာချုပ်ကိစ္စအပေါ် စောင့်ကြည့်လေ့လာနေပြီး အခွင့်အရေးရမယ်ဆိုရင် ခေါ်ယူနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ဖော်ပြသွားပါတယ်။

image