4 w - Translate

ကိုယ့်အတွက်တော့လေ ချစ်သူရည်းစားမဖြစ်ခင် ဟိုမရောက် ဒီမရောက်ကာလလေးက သဘောကျစရာအကောင်းဆုံးပဲ ။

သူချစ်နေတာလဲ ကိုယ်သိသလို ကိုယ်သဘောကျနေတာလဲ သူသိတယ် ။ စကားလုံးတွေအားဖြင့် ဖွင့်မပြောသေးရုံကလွဲ အပြုမူတွေ ဂရုစိုက်မှုတွေကြောင့် ဘေးလူတွေကပါ တွဲနေပြီထင်ကြတဲ့ ကြားကာလတွေပေါ့ ။

မထင်ရင်မထင်သလို ရင်ခုန်စရာစကားလေးတွေ ထပြောမယ် ၊ မထိတထိ စကားလေးတွေနဲ့ flirt မယ် အဲ့လို လိပ်ပြာလေးတွေပျံဝဲနေတဲ့နေ့ရက်တွေလေ ။

ပူပန်စရာမရှိသေး အချင်းများစရာမရှိသေး
ကောင်းကင်ကြီးဟာ ပိုပြာပြီး လေပြေတွေဟာလည်း ပိုအေးတဲ့ အချစ်နဲ့ထိတွေ့စ ရက်မပိုင်းအခြားတွေ....

#mental_note