4 w - Translate

``စိတ်မငြိမ်ဆေးပြား´´

ဘာမှ ရေး မထားတဲ့ စာရွက်အဖြူလေးကို
ငါထိုင်ဖတ်နေမိတယ်

ဖတ်နေရင်းနဲ့ ငါမနေနိုင်ဘူး
စာသားတချို့တလေ သူ့အပေါ်မှာ ငါချရေးတယ်

ငါကသူ့ကို လိုအပ်တာပါ
သူကငါ့ကို မလိုအပ် ဘူး

ခပ်ဖွဲဖွဲရွာနေတဲ့မိုးရေစက်လေးတွေမှာ
ငါ့လို ဘဝမရှိ ဘူး
လှလွန်းတယ်။ ။

#အောင်ခိုင်မြတ်
၂ ၀ ၂ ၃

image