4 w - Translate

အပတ်စဉ် သုံးစွဲသူ သန်း ၂၀၀ ရှိပြီဖြစ်တဲ့ ChatGPT
==============================
OpenAI ရဲ့ ChatGPT ဟာ ဒီနှစ်ပိုင်းအတွင်း အလွန် နာမည်ကြီးလာပြီး သုံးစွဲသူ အလွန်များပြားလာပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ChatGPT ကို အပတ်စဉ် သုံးစွဲသူ သန်း ၁၀၀ ရှိခဲ့ပြီး အခုတော့ သန်း ၂၀၀ အထိ များပြားလာပါတယ်။
OpenAI က Fortune 500 Companies တွေရဲ့ ၉၂ ရာခိုင်နှုန်းဟာ ChatGPT ကို အသုံးပြုကြတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လက GPT-4o Mini ကို ဖြန့်ချိပြီးနောက်မှာ Automated API ကို သုံးစွဲမှုဟာ ၂ ဆ မြင့်မားလာပါတယ်။
OpenAI CEO Sam Altman က “ လူသားတွေရဲ့ နေ့စဉ် အလုပ်တွေကို AI က ကူညီပေးနိုင်သလို တီထွင်ဆန်းသစ်မှုတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ လူတွေဟာ နေ့စဉ်လူနေမှုဘဝတွေမှာ ChatGPT ကို အသုံးပြုလာကြပါတယ်။ AI ဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးလို ကဏ္ဍတွေမှာ ကူညီပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : theverge
DigitalTimes

image