4 w - Translate

အန္တာတိကနဲ့ပတ်သက်ပြီး သိကောင်းစရာ

တိုက်ကြီး (၇) တိုက်ထဲမှာ အန္တာတိကတိုက်က သေချာပေါက် လျှို့ဝှက်ဆန်းကြယ်ဆုံးဖြစ်မှာပါ။ အဲဒီတိုက်မှာ လူဦးရေမရှိသလို အခြေချနေထိုင်သူလည်းမရှိဘူးလို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာများစွာရှိပါတယ်။ အန္တာတိကမှာ အခြေချနေထိုင်တဲ့သူတွေမရှိပေမဲ့လည်း နှစ်အကြာကြီး အကြောင်းအမျိုးမျိုးကြောင့် လာတဲ့သူတွေတော့ရှိပါတယ်။ အထူးသဖြင့် သုတေသနပညာရှင်တွေ၊ ခရီးသွားဧည့်သည်တွေပါပဲ။ အခုနောက်ပိုင်းမှာ အန္တာတိကတိုက်ကို သွားရမယ့်အလုပ်ကို လိုချင်နေကြတဲ့သူတွေရှိနေပါပြီ။

တချို့လူတွေက သုတေသနာလုပ်ချင်လို့ အခြေချနေထိုင်တာရှိသလို တချို့ကတော့ နွေရာသီမှာသာ လာနေကြတာလည်းရှိပါတယ်။ ခရီးသွားဧည့်သည် ထောင်ပေါင်းများစွာကတော့ နှစ်တိုင်း တောင်ဘက်ပိုင်းကို အလည်လာရောက်ကြပါတယ်။ တောင်ပိုင်းကို သွားတဲ့သူများများလာလေလေ အဲဒီဒေသမှာ လူတွေက အံ့အားသင့်စရာအမှတ်အသား ချန်ထားခဲ့ကြပါတယ်။ ဒါ့အပြင် အန္တာတိကတိုက်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုလည်း သိရှိခဲ့ကြပါတယ်။

image