4 w - Translate

ဘီလျံနာဖြစ်လာတဲ့ တေလာဆွဖ်

ဂီတလောကမှာ ၁၇ နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက်မှာတော့ အမေရိကန်အဆိုတော် တေလာဆွဖ်က ဘီလျံနာ ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ Forbes မဂ္ဂဇင်းက ၂၀၂၄ ခုနှစ်အတွက် ဘီလျံနာစာရင်း ထုတ်ပြန်ကြေညာရာမှာ တေလာဆွဖ်က ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံရှိပြီး အဆင့် ၁၄ နေရာကို တက်လှမ်းလာခဲ့တာပါ။

အသက် ၃၄ နှစ်အရွယ်ရှိတဲ့ တေလာဆွဖ်ဟာ ပထမဆုံး ထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ် ၆ ခွေကနေ ဝင်ငွေအများအပြား ရရှိခဲ့သလို ဂီတဖျော်ဖြေရေး သမိုင်းတစ်လျှောက် အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်တဲ့ ပထမဆုံး ဂီတဖျော်ဖြေပွဲဖြစ်တဲ့ Eras tour ကနေ ဝင်ငွေရရှိမှု၊ သူ ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေ ဈေးတက်လာမှု အစရှိတဲ့ ဝင်ငွေတွေကြောင့် ဘီလျံနာစာရင်းမှာ ပါဝင်လာခဲ့တာပါ။

image