4 w - Translate

မပိုင်ဆိုင်ရလဲ ဖြစ်ပါတယ်။
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကိုယ့်အနားမှာပဲထားပြီး ပိုင်ဆိုင်ချင်ခဲ့တာပေါ့... ကျွန်မ ချစ်ခဲ့တယ်ဆိုတာ တချိန်ကျရင် စွန့်လွှတ်လိုက်မယ်ဆိုတဲ့ အသိနဲ့ ချစ်ခဲ့တာမှ မဟုတ်ပဲဟာ ။ တစ်နေ့ကျရင် နီးကို နီးရမယ်ဆိုတဲ့ အတွေးပဲ ရှိနေခဲ့တာပါ ဒါပေမယ့် အခုတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ပြီ... မပိုင်ဆိုင်ရလဲ ဖြစ်ပါတယ်ပေါ့ ။
နင်ဒီလောက်သိပ်ချစ်တာကို ဘာလို့ လက်လွှတ်လိုက်ရတာလဲလို့ မေးမယ်ဆိုရင် ဆက်ပြီး ဆွဲမထားနိုင်တော့လို့ လို့ပဲ ဖြေရမှာပေါ့ ။ ပြီးတော့ ကျွန်မက သူ့ကို ပျော်အောင်ထားပေးနိုင်တဲ့အထိ မတော်ဘူးလေ... သူက ပျော်တဲ့အရပ်မှာပဲ ရှင်သန်ချင်တာ ကျွန်မရှိနေတဲ့ အရပ်မှာဆို သူက မပျော်ဘူး ။
ပိုင်ဆိုင်ဖို့ အများကြီး ကြိုးစားပြီးသွားပြီ နီးစပ်ဖို့ ကျွန်မဖက်က ခြေလှမ်းတွေအများကြီး လှမ်းခဲ့ပြီးသွားပြီ ။ နည်းနည်းလေးတောင် မနီးစပ်ခဲ့ပြီး ။ ပြီးတော့ နည်းနည်းလေးတောင် ပြန်ငဲ့ကြည့်ခဲ့ဘူး အချစ်က လိုက်ရင် ပြေးတယ်ဆိုလို့ ကျွန်မ ရပ်နေကြည့်ဖူးတယ် မထူးပါဘူး ။ ရပ်နေတော့ ပိုဝေးသွားတာပဲ ရှိတာပါ ။
ပိုင်ဆိုင်ချင်ခဲ့ဖူးတာပေါ့ ...ဆိုးဆိုးကောင်းကောင်း သူရှိနေရင် ဖြစ်ပြီဆိုတဲ့ အသိလေးတစ်ခုတည်းနဲ့ နာကျင်နေပါစေ မလွှတ်ဘူးဆိုတဲ့အထိ ဆွဲထားခဲ့ဖူးတယ် ။ မချစ်တော့ဘူးဆိုတဲ့စကားကို နားနဲ့ သေသေချာချာကြားခဲ့တာတောင် တစ်နေ့ကျရင် ပြန်ချစ်လာမှာပါဆိုတဲ့အသိနဲ့ မျှော်လင့်ခဲ့ဖူးတယ် ။ ထူးမှ မလာခဲ့တော့တာ ။
မပိုင်ဆိုင်ရလဲ ဖြစ်ပါတယ်ဆိုတဲ့ စကားကိုသုံးပြီး ချန်ထားချင်တဲ့သူ စိတ်ချမ်းသာအောင် ကျန်ထားရစ်ခဲ့တာပဲ ကောင်းပါတယ် ။ ဒီထက်ပိုပြီး နီးမလာတော့တဲ့ အခြေအနေတွေမှာ ဒီထက်ပိုပြီး အပင်ပန်းမခံချင်တော့ဘူး ။ စိတ်တွေလဲ ပင်ပန်းလွန်းနေပြီ နေ့တွေ ညတွေဟာလဲ မွန်းကျပ်လွန်းနေပြီ ။
သူရှိနေမှ ဖြစ်မှာပါဆိုတဲ့ အသိတွေကနေ မပိုင်ဆိုင်ရလဲ ဖြစ်ပါတယ်ဆိုတဲ့ စကားလုံးတွေအထိ သူ့ကို ပိုင်ဆိုင်ဖို့ အများကြီး ကြိုးစားခဲ့ဖူးတာတော့ ယုံပါ ။

#zaap

#

image