4 w - Translate

ပေါ်တူဂီအသင်း၏ ယူရိုဆုဖလားက ကမ္ဘာ့ဖလားနှင့် ညီမျှဟု စီရော်နယ်ဒို ပြော
ပေါ်တူဂီအသင်းရရှိခဲ့တဲ့ ယူရိုဆုဖလားက ကမ္ဘာ့ဖလား ရရှိတာနဲ့ ညီမျှကြောင်း တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က တင်ဆက်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ ရော်နယ်ဒိုက ထည့်သွင်းပြောသွားခဲ့တာပါ။

ယူရို ၂၀၁၆ ချန်ပီယံဆုဖလားက ကမ္ဘာ့ဖလားရရှိတာနဲ့ အတူတူဖြစ်ပြီး ပေါ်တူဂီနဲ့အတူ ဆုဖလား ၂ လုံး ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအထိ ပါဝင်ယှဉ်ပြိုင်ဖြစ်မလား ဆိုတာ မစဉ်းစားသေးကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ ခရိုအေးရှားနဲ့ပွဲမှာ တဂိုးသွင်းခဲ့ပြီးနောက် ကစားသမားဘ၀ စုစုပေါင်း သွင်းဂိုး ၉၀၀ ပြည့်မြောက်ခဲ့ပါတယ်။

ဒဏ်ရာအခြေအနေသာ မရှိခဲ့ဘူးဆိုရင် သွင်းဂိုး ၁၀၀၀ အထိပြည့်ဖို့ ကြိုးစားသွားချင်ကြောင်းလည်း စီရော်နယ်ဒိုက ပြောသွားပါတယ်။

image