4 w - Translate

သူက ငါ့ကို သိပ်ချစ်တာဆိုပြီးပြောခဲ့ဖူးတဲ့ စကားလုံးတွေကို
ပြန်သတိရတယ်

ငါတို့ ဘယ်တော့မှ ဝေးမှာမဟုတ်ဘူးဆိုပြီး
ယုံကြည်ခဲ့မိတဲ့ အတိတ်တွေကိုပြန်လိုချင်မိတယ် ။

လက်တွေ အကြာကြီး တွဲခဲ့လို့လက်တွဲတွေ မြဲပြီ ထင်ခဲ့တာ

ဝေးမယ့် ဝေးတော့လည်း အကြောင်းပြချက်တွေတောင်
ရေရေရာရာ ရှိမနေဘူးပဲ ။

ရန်တွေ ဖြစ်ခဲ့ကြဖူးတယ် စိတ်တွေ ကောက်ခဲ့ကြဖူးတယ်
တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲကြမယ်ဆိုတဲ့ စကားတွေ
ပြောမထွက်ခဲ့ကြဘူး ...

ဒါပေမယ့်

တကယ် သွေးအေးသွားတဲ့အခါကျပြန်တော့လည်း
ဖုန်းတွေ ဆက်နေပါရဲ့နဲ့ စာတွေ ပို့နေပါရဲ့နဲ့
တစ်ဖက်က ပြန်ပြောစရာ စကားလုံးမရှိတော့လောက်အောင်
ရှားပါးနေလိုက်တာ

အဆင်ပြေသွားမှာပါ
တချိန်ကျ အရင်လို ပြန် ဖြစ်သွားမှာပါဆိုတဲ့
မျှော်လင့်ချက်လေးနဲ့ ရပ်စောင့်နေတဲ့ ကိုယ့်မှာ
အချိန်တွေ တဖြေးဖြေးကြာလာတာနဲ့အမျှ
တဖြေးဖြေး ပိုဝေးတဲ့ နေရာမှာပဲ ကျန်နေခဲ့ရတယ် ။

ငါတို့ ချစ်ခဲ့ကြတုန်းကဘာလို့ဆိုတဲ့ အကြောင်းပြချက်တွေ
မင်း မေးခဲ့ဖူးသလို

ငါတို့ ဝေးခဲ့ရခြင်းကကော ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ဖို့ သင့်တာပေါ့ ။

#2001
//crd
#foryoupageシforyou
#pyfツ
#crd

image