4 w - Translate

ကျွန်တော် ...
လုံလုံလောက်လောက် ချစ်ခဲ့ပြီးသွားပြီထင်တယ်
တစ်နေ့ နီးကို နီးစပ်ရမယ်ဆိုပြီး
အများကြီးလဲ ကြိုးစားခဲ့ပြီးပြီထင်တယ်
အတင်းကြီး လိုက်ကပ်တွယ်ပြီး
ချစ်နေရတာ ပင်ပန်းပြီ
အများကြီးထိန်းချုပ်ပြီး
အားလုံးရဲ့အဝေးမှာ နေရတာ ပင်ပန်းပြီ
နီးဖို့ကြိုးစားရင်း တဖြေးဖြေးဝေးလာခြင်းတွေမှာ
ပင်ပန်းနေပြီ
ကျွန်တော် ...
ခင်ဗျားကိုပဲ ဆက်ပြီးချစ်မှာပါ
ဒါပေမယ့်
ခဏနားပါရစေလေနော်
မင်းပျော်ပါစေဆိုပြီး
ကိုယ်မပြုံးဖြစ်တဲ့ရက်တွေ ခဏရပ်ချင်ပြီ
မင်းအဆင်ပြေရဲ့လားတွေးပြီး
ကိုယ် အဆင်မပြေရတဲ့ရက်တွေ လွန်ချင်ပြီ
မင်းကို သိပ်ချစ်တယ်လို့တွေးပြီး
ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေတာတွေအတွက်
ပြန်အမှတ်ရချင်ပြီ ။
အများကြီး လိမ်မာခဲ့ပြီးသွားပြီမဟုတ်လား
ခဏလောက်
ဆိုးခွင့်တွေ ရှိရင်
ဆိုးလို့ရချင်မိတယ်
အများကြီး ဂရုစိုက်ပြီးသွားပြီမလား
ခဏလောက်
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ချင်နေမိတယ်
အများကြီး ချစ်ပေးခဲ့ပြီမဟုတ်လား
ခဏလောက်
ကျွန်တော့်ကိုယ် ကျွန်တော်
ပြန်ချစ်ကြည့်ချင်တယ်

#ပြည့်စုံလျှံ
(ရင်နှင့်ရင်း၍ရေးသည်)

image