4 w - Translate

ညနေခင်း ၄ နာရီတဲ့။
မှောင်ပိတ်နေတဲ့ ကောင်းကင်ကနေ တိမ်‌တွေ ငိုနေတယ်။
မနေ့က ဒီချိန်ဒီလောက် မမှောင်ပါလေရော့။

သစ်ပင် ခပ်စမ်းစမ်းတွေဟာ အတော်ကို ရေဓါတ်ပြည့်၀နေကြတယ်။
သစ်ရွက်ကလေးကနေ တွဲလျားခိုနေတဲ့ မိုးရေစက်ကလေးဟာ
တစ်ပေါက်ချင်း‌မြေပြင်ကို ကျတယ်။

အိမ်အပြန်လမ်းဟာ ထင်ထားသည်ထပ် ပိုအထီးကျန်စေတယ်။
တစ်ယောက်ထဲနှင့် မလုံတဲ့ ဒီထီးအတွင်းကို နောက်တစ်ယောက်ကို
မသိစိတ်က ထည့်ထားချင်ဟန်တူပါရဲ့လေ။

လမ်းဆုံ မီးပွင့်နားက ကြိုးတန်းတွေမှာ လာနားနေကျ
ငှက်ကလေးတွေလဲ ပျောက်နေတယ်။ အမှောင်ထုမှာ အန္တရယ်ကင်းဖို့
ကားတွေဟာ ရှေ့မီး၊နောက်မီး ဖွင့်လို့။

အချိန်မကျသေးဘူးဆိုပြီး ပြိုင်ငြင်းနေလို့မှ မရပါဘဲ။
ကြိုတင်ခန့်မှန်းလို့မရတဲ့ အရာတွေထဲ ဒီသဘာ၀တွေလဲပါတယ်။
နောက်ပြီး ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့ လူလဲ ပါတယ်။

#girllovestorybyhsu

image