Michelin Stars အကြောင်း
======================
ကို Myint Lwin တစ်ခါမေးဖူးလို့ရယ် messenger မှာ စားဖိုမှုးအငယ်တွေ ကပါမေးမေးနေလို့ သိချင်တဲ့သူအားလုံးအတွက် knowledge sharing လုပ်ပေးလိုက်ပါတယ်။
Michelin Star ရတဲ့ ဆိုင်တွေ ကို လူအများက Fine Dining Restaurant တွေမှပဲ ရတတ်တယ်လို့ အထင်မှားနေကြတယ်။ လုံးဝမဟုတ်ပါဘူးနော်။ ထိုင်းမှာ ရော စက်ာပူမှာပါ food court တွေမှာ Michelin Star ရတဲ့ဆိုင်တွေ တိုးပွါး လို့ နေပါပြီ။
Michelin Star နဲ့ Michelin Guide ဆိုတာဘာလဲ?
Michelin သမိုင်းကြောင်း
Michelin Star နဲ့ Michelin Guide တို့ကို 1889 ခုနှစ်တွင် ညီအစ်ကိုဖြစ်သူ André နဲ့ Édouard Michelin တို့က တည်ထောင်ခဲ့သည့် ပြင်သစ်တာယာကုမ္ပဏီ Michelin မှ စတင်ဖန်တီးခဲ့ပါတယ်။ 1900 ခုနှစ်မှာ Michelin Guide ကို မော်တော်ယာဉ်မောင်းသူများ ခရီးပိုမို သွားစေဖို့ ရည်ရွယ်ပြီး၊ ကားတာယာအရောင်းတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့ပါတယ်။ ပြင်သစ်မှာ စတင်ခဲ့တဲ့ Michelin ဟာ 1905 မှာ ဥရောပကိုပါခြေဆန့်ခဲ့တယ်။ ထို Michelin Guide မှာ မြေပုံများ၊ ဆီဆိုင်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များကို ဖော်ပြခဲ့ပြီး 1926 ခုနှစ်တွင် စားသောက်ဆိုင်များကို ကြယ်ပွင့်များပေးခြင်းဖြင့် စတင်ခဲ့တယ်။ မြောက်အမေရိကမှာ တော့၂၀၀၅ ခုနှစ်မှ စတင်ခဲ့ပြီး New York City, Los Angeles, San Francisco, Chicago, & Las Vegas စတဲ့မြို့တွေမှာ စတင်ကျင့်သုံးခဲ့တယ်။ နောက်ပိုင်း အချိန်ကြာလာတာနဲ့အမျှ Michelin ကြယ်စနစ်ဟာ စာသောက်ဆိုင်တွေ ၊စားဖိုမှုးတို့ရဲ့ အမြင့်မားဆုံးဂုဏ် တစ်ခုဖြစ်လာခဲ့ပါတယ်။
Michelin Star ဆိုတာဘာလဲ ?
Michelin Star ဆိုတာ စားသောက်ဆိုင်များ၏ အရည်အသွေး၊ ချက်ပြုတ်နည်းပညာ၊ အရသာ ၊တိကျမှုတို့အပေါ် အခြေခံပြီး ကြယ် ⭐️ပွင့် ⭐️⭐️ ပွင့် ⭐️⭐️⭐️ပွင့် စသဖြင့် ချီးမြှင့်သည့် ဂုဏ်တစ်ခုဖြစ်သည်။ အဓိက အမျိုးအစား သုံးမျိုး ရှိတယ်။
1 STAR – “A Great Restaurant in its Category, worth a stop.”
2 STARS – “Excellent, worth a detour.”
3 STARS – “Exceptional, worth a special journey.”
1926 ခုနှစ် Michelin star စပေးတဲ့အချိန်ကစပြီး one star ⭐️ သာပေးခဲ့ပြီး 1931 ခုနှစ်ကစလို့ Three stars ⭐️⭐️⭐️ အထိ အဆင့်ဆင့် ပေးသွားခဲ့တယ်။
Michelin Guide ဆိုတာဘာလဲ ?
Michelin Guide ဆိုတာ နှစ်စဉ်ထုတ်ဝေသည့် စာအုပ်ဖြစ်ပြီး စားသောက်ဆိုင်များနှင့် ဟိုတယ်များကို ပြန်လည်သုံးသပ်ထားတာဖြစ်တယ်။ Michelin ရဲ့ လျှို့ဝှက် စားသောက် မှတ်ချက်ပေးမယ့်သူများကိုဘယ်သူမှကြိုမသိနိုင်ပါဘူး။ သူ တို့ က တိတ်တဆိတ်စားသောက်ဆိုင်များကို စမ်းသပ်စားသောက် သုံးသပ်ပြီး အဲ့ဒီဆိုင်ရဲ့အရည်အသွေးမြင့်စားဖိုမှုးတိုရဲ့ ချက်ပြုတ်နည်းပညာ၊ ကိုယ်ပိုင်တီထွင်စွမ်းအား၊ စျေးနှုန်းနှင့် အညီ ကိုက်ညီမှု တန်ဖိုးရှိမှု၊ ပေးရတဲ့စျေးနဲ့တန်မတန် ၊ ဘယ် အချိန်ပဲ သွားစားစား ပြောင်းလဲမှုမရှိတဲ့ အရသာ တွေ ဝန်ဆောင်မှု တို့အပေါ်မှာစိစစ်မှတ်ချက်ချပါတယ်။
ဘယ်စားသောက်ဆိုင်တွေ Michelin Star ရနိုင်သလဲ?
စားသောက်ဆိုင်ဆိုသည်မှာ အရွယ်အစားမရွေး၊ ဈေးကြီးငွေကြေးမရွေး၊ အရည်အသွေးမြင့် အစားအသောက်ကို ချက်ပြုတ်ပြသနိုင်ပါက Michelin Star ရနိုင်ပါတယ်။ အခြေခံချက်များမှာ အဓိကအားဖြင့် အစားအသောက် ၏ အရည်အသွေး၊ နည်းပညာ၊ ကိုယ်ပိုင်တီထွင်မှုတို့သာ စိစစ်သုံးသပ်ပါတယ််။
Michelin Guide ဟာ စားသောက်ဆိုင်များကို အဓိက အချက် ၅ ချက်အပေါ် မှာသာ အကဲဖြတ်ပါတယ်။
1. ကုန်ကြမ်းအရည်အသွေး : အစားအစာများရဲ့လတ်ဆတ်မှု၊ အရည်အသွေးမြင့် ကုန်ကြမ်းများအသုံးပြုမှု။
2. အရသာနှင့် ချက်ပြုတ်နည်းပညာများ : အရည်သွေးမြင့်ကုန်ကြမ်းများနှင့် ချက်ပြုတ်နည်းပညာ balance ဖြစ်အောင်ချက်ပြတ်ပြီး ထူးကဲတဲ့ အရသာဖြစ်အောင်ဖန်တီးနိုင်မှု
3. စားဖိုမှူးရဲ့ ကိုယ်ပိုင်စတိုင် : ကိုယ်ပိုင်ဟန် နဲ့ တီထွင်မှုနှင့် ဖန်တီးနိုင်မှု။
4. တန်ဖိုးရှိမှု : စျေးကြီးတာကိုပြောတာမဟုတ်ပါဘူး။ ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ အစားအသောက်နဲ့ ဝန်ဆောင်မှု ကိုဆိုလိုခြင်းပါ။
5. မပြောင်းလဲသောအရည်အသွေး : အရည်အသွေး၊ အရသာနှင့် ဝန်ဆောင်မှုများကို အမြဲတည်တကျ ဖြစ်ရမည်။
စားဖိုမှူးများရဲ့ အခန်းကဏ္ဍ ကရော ဘယ်လိုရှိလဲ ? Chef တွေရော Michelin Star award ရကြလား?
Michelin Stars ကို စားဖိုမှုး chef များမရပါ။ Michelin ကိုစားသောက်ဆိုင်များကိုသာ ချီးမြှင့်သော်လည်း စားဖိုမှူးရဲ့ အရည်အသွေး၊ စွမ်းဆောင်နိုင်မှု၊ ဦးဆောင်မှု က အလွန်အရေးပါပါတယ်။ နာမည်ကြီး စားဖိုမှူးများဖြစ်သည့် Alain Ducasse နှင့် Gordon Ramsay တို့အပြင်တခြားနာမည်ကြီးစားဖိုမှုးများဟာ Michelin Stars ရရှိထားသည့် စားသောက်ဆိုင်များစွာကို ဦးဆောင်နေကြတဲ့ chef များပါ။ စားဖိုမှူးရဲ့ အရည်အသွေးနှင့် ဖန်တီးမှုက Michelin Star ရရှိမှုနောက်ကွယ်မှ အဓိကကျတဲ့ အရာဖြစ်ပါတယ်။ ဘယ် လိုပဲဖြစ်ဖြစ် Michelin ရဖို့ leading လုပ်ခဲ့တဲ့ ကိုယ်ပိုင်ဟန်နဲ့ menu ဆွဲခဲ့တဲ့ စားဖိုမှုးတွေက သူတို့ ဦးဆောင်မှု အောက်မှာ ရခဲ့တာဖြစ်လို့ နာမည်ပိုကြီးစေပါတယ်။ ကျွန်တော်ထင်ပါတယ် နောင်နှစ်အနည်းငယ်အတွင်းမှာ Michelin star ရတဲ့ စားသောက်ဆိုင်ကို ဦးဆောင်နေတဲ့ မြန်မာစားဖိုမှုးတွေကို မြင်တွေ့ ရတော့မယ်ဆိုတာယုံကြည်နေပါတယ်။
မြန်မာပြည်ထဲမှာ ကျွန်တော်အကြိုက်ဆုံး Michelin ရနိုင်တဲ့ ဆိုင်တွေကို ကိုယ်ပိုင်ထင်မြင်ချက်ပေးရမယ်ဆိုလျှင် Fine dining တွေထဲမှာ ECHO နဲ့ သာမန်ဆိုင်တွေ ထဲမှာ Mai Su Pan ကိုသဘောကျပါတယ်။ ကျွန်တော်မသိသေးတဲ့ တခြားတွေလည်း ရှိဦးမှာပါ။ မိတိဆွေတို့ ကြိုက်တဲ့ Michelin star ပေးချင်တဲ့ ဆိုင်တွေရှိရင်လည်း မန့်သွားပေးပါ။
အားလုံးပဲ အဆင်ပြေ ကြပါစေ။
Chef Romeo