4 w - Translate

တစ်ခါတလေတော့လည်း လူတစ်ချို့အကြောင်း
သိရတဲ့အခါ တိတ်တိတ်လေး ထိုင်အံ့သြနေရုံကလွဲပြီး ဘာမှမလုပ်ချင်တော့ဘူး။
🔷 ကိုယ့်အပေါ်ကောင်းသလိုလိုနဲ့ ရှေ့တစ်မျိုး၊
ကွယ်ရာ တစ်မျိုး ဆက်ဆံရေးတွေ၊
🔷 ကြီးကြီးကျယ်ကျယ် စကားတွေပြောပြီး
စကားနဲ့မညီတဲ့ လုပ်ရပ်တွေ
🔷 အားပေးဖေးမသလိုလိုနဲ့ ရိုက်ချိုးသွားတဲ့ ပါးစပ်တွေ၊
🔷 ရေးနေတဲ့စာတွေနဲ့ မတူညီတဲ့ စိတ်ဓာတ်တွေ၊
🔷 နောက်ကျောဓားနဲ့ထိုးတဲ့ လက်တွေ၊
🔷 ပြဿနာမရှိဘဲ မခေါ်မပြောနိုင်တော့တဲ့ လူတွေ
🔷 နီးရာဓားကြောက်ရတယ်ဆိုတဲ့ လူတွေအကြောင်း သိရတဲ့အခါ
တကယ်ပါ တိတ်တိတ်လေးပဲ အံ့သြနေမိတော့တာ။
🔷 သူက ဒီလိုလူပါလား။
သူက ကိုယ့်အပေါ် ဒီလိုပါလား ဒီလောက်ပဲ တွေးတော့တယ်။
ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတဲ့ မေးခွန်းတွေလည်း မမေးချင်တော့ဘူး။
တစ်ယောက် တစ်ခွန်း စကားတွေလည်း မများချင်တော့ဘူး။
🔷 တစ်ခါတလေတော့လည်း မျက်နှာဖုံးတွေနဲ့ လူတွေကို
ထိုင်ကြည့်ရတာ ရယ်စရာတော့ကောင်းသား...

မူးရင်းရေးစားသူအား လေးစားစွာဖြင့်

image