4 w - Translate

စိုးလင်းဦး က ခန့်မှန်းရ ခက်ပါတယ် ဆိုတဲ့ နာဘီးလ်
**********

“စိုးလင်းဦး ကလဲ ဖိုက်တာကောင်း တစ်ယောက်ပါပဲ ၊ အရမ်းကို သန်မာတဲ့သူပါ။

သူထိုးခဲ့တဲ့ ပွဲတိုင်းမှာ ပြိုင်ဘက်တွေက သူ့ထက် သာတဲ့သူတွေချည်းပဲ လို့ မြင်ခဲ့ကြတာပါ။ လူတိုင်းက သူ့ ပြိုင်ဘက်တွေကပဲ နိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ၊ သူကချည်းပဲ အမှောက်တွေ ဆော်ပြသွားပါတယ်။ အဲဒီထဲမှာ ကျနော့် ရဲ့ လေ့ကျင့်ဖော်ကြီး ဖေဘီယိုတောင် ပါတယ်ဗျာ။

စိတ်ထဲမှာ ဖေဘီယိုလဲ အနိုင်ရမယ်လို့ မှန်းခဲ့သည့်တိုင်အောင် ၊ ဖြစ်မလာခဲ့ပါဘူး။

ပွန်ဆရီ နဲ့ ပွဲတုန်းကလဲ ဒီအတိုင်းပါပဲ ၊ ကျနော်က ပွန်ဆရီ ပဲ နိုင်မယ် ထင်တာပါ။ အမှောက်တောင် သိပ်ခံလိုက်ရပါတယ်။

ပွန်ဆရီ အရင်က ထိုးခဲ့တဲ့ ဂျပန်ကောင်ဆိုရင်လဲ အရပ်ရှည်တဲ့ အပြင် ၊ လူကောင်တောင် ပိုထွားသေးတာပါ။ ဒါပေမယ့် သူက အလဲထိုးပြ ပြန်တာပါပဲ။ အဲဒီတော့ စိုးလင်းဦးကို ကြိုပြီး ခန့်မှန်းထားလို့ မရပါဘူး။

စက်တင်ဘာ 27 ရက်နေ့မှာ ဘယ်လိုတွေ ဖြစ်လာမလဲ စောင့်ကြည့်ကြမယ်လေ”

နာဘီးလ်

image