✨ စိတ်ရဲ့ချမ်းသာမှုက ပကာသနသိပ်ဦးစားပေးတဲ့ ဒီခေတ်ကာလမှာ အတော်လေးလျစ်လျူရှုတာခံရတယ် ။

အတွင်းစိတ်အေးချမ်းမှုဟာ လူတိုင်းမရနိုင်ဘူး ။
ဥစ္စာပစ္စည်းပိုများလာလို့လည်း သူ့ကိုပိုင်ရမယ်အာမခံချက်မရှိဘူး ။
စိတ်မထားတတ်ရင် ပိုလို့တောင်ပူရသေးတယ် ။

✨ ဒီမနက်မှာ စိတ်ကြည်လင်ချမ်းသာမှုဟာ ကိုယ့်ရဲ့ရွေးချယ်မှုလို့ Ellie သတိပေးချင်တယ် ။ သူ့ကိုပိုင်ရဖို့ လိပ်ပြာလုံရတယ် ။ လိပ်ပြာလုံဖို့ ကောင်းသောအကျင့်ကိုကျင့်ရတယ် ။ လိပ်ပြာမလုံတဲ့သူက အရာရာစိုးရိမ်ကြောက်လန့်ရတယ် ။ သိမ်ငယ်နေရလေ့ရှိတယ် ။

နေဝင်ချိန်နဲ့ နေထွက်ချိန်တွေ ၊ ညခင်းရဲ့ဆိတ်ငြိမ်မှု ၊ လောကရဲ့အလှတရားတွေ ။ ဒါတွေကစလို့ စိတ်လုံခြုံစွာအိပ်စက်နိုင်ခြင်း ၊ တရားဓမ္မရဲ့အနှစ်သာရတွေနဲ့ နောင်ဘဝတွေအတွက် စိတ်ချထားနိုင်ခြင်းတွေ ။ ဒီလို Luxury ဟာ စိတ်ချမ်းသာသူတွေသာခံစားနိုင်သော ငွေနဲ့ပေးဝယ်မရတဲ့အရာတွေဖြစ်တယ် ။

✨ လူချမ်းသာဖို့ အရေးကြီးပါတယ် ။ ဒါပေမယ့် ဒီချမ်းသာမှုခရီးစဥ်မှာ အပြစ်ကင်းစင်ခြင်းကိုချမနင်းလိုက်ဖို့တော့လိုတယ် ။ ဒါဟာ ကြယ်တွေကိုစိတ်ကူးရေတွက်ရင်း လမင်းကိုဆုံးရှုံးသွားတာနဲ့ တူလိမ့်မယ် ။

ကိုယ်ဟာ Long-term ကိုကြည့်တတ်တယ်ဆို တစ်ခဏနဲ့တစ်ဘဝကို မလဲရဘူး ။ တစ်ဘဝနဲ့သံသရာကို မလဲရဘူး ။ ဘယ်လောက်ခက်ခဲတဲ့အချိန်ဖြစ်ဖြစ် ဒီအခြေခံလေးအမြဲသိရမယ် ။ ဘဝရဲ့ပန်းတိုင်နီးကပ်လာလေလေ ဘယ်အရာပိုအရေးကြီးတယ် သဲကွဲလာပါလိမ့်မယ် ။

✨ ကိုယ့်ရဲ့ဝင်ငွေဟာ သမာအာဇီဝဖြစ်တယ် ။ တခြားသူတွေရဲ့မျက်ရည်မပါဘူး ။ မိုးခါးရေမသောက်ခဲ့ဘူးဆို ပကတိစိတ်ချမ်းသာခြင်းကိုရတယ် ။ ဒါဟာလူတချို့နဲ့သွားယှဥ်ရင် နှေးကောင်းနှေးမယ် ။

သံသရာနဲ့ယှဥ်တွေးတဲ့အခါမှာတော့ ကိုယ်ဟာအထက်တန်းစားတစ်ဦးလို့ စိတ်ချနိုင်ပါတယ် ။


ချစ်သော #tarotwithellie #crd

image