4 w - Translate

ဘယ်လက်နဲ့ ညာလက်လိုပေါ့။
အတူတူနေတာ ကြာလာတဲ့အခါ
တဖက်ကို တဖက်က ဆုပ်ကိုင်ထားရင်
ဘာမှမခံစားရဘူးလို့ ထင်ရပေမယ့်
တဖက်ကိုသာ ဖြတ်လိုက်မယ်ဆိုရင်
နာကျင်ခံစားရမှာပါပဲ။

တစ်နေ့ ဘယ်ဖက်လက်
ဒဏ်ရာရလို့ သွေးထွက်တဲ့အခါ
ညာဖက်လက်က ဆေးသိပ်ပေးတယ်။

တစ်နေ့ ညာဖက်လက်က
ယားနေတဲ့အခါ ဘယ်ဖက်လက်က
အယားပြေအောင် ကုတ်ပေးတယ်။

တစ်နေ့ ဘယ်ဖက်လက်က
ပစ္စည်းသယ်ရတာ
လက်ညောင်းလာတဲ့အခါ
ညာဖက်လက်က
အညောင်းသက်သာအောင်
ကူသယ်ပေးပြန်တယ်။

ဒါကြောင့်
ဘယ်ဖက်လက်ကို မငြို ငြင်မိပါစေနဲ့။
ညာဖက်လက်ကိုလည်း မငြို ငြင်မိပါစေနဲ့။

ဘယ်လက်နဲ့ ညာလက်
စည်းချက်ညီရိုက်မှသာ
သာယာတဲ့ လက်ခုပ်သံ ဆိုတာ
ပေါ်လာနိူင်တာပါ...

#ဒါကြောင့် #ဘဝအတွေအကြုံတွေ #စကားလက်ဆောသ်

image