Original ဖုန်းအားသွင်းကြိုးလေး ပျက်သွားတော့
ကိုယ့်မှာ ဝမ်းနည်းလိုက်တာ ။
သေချာပြန်စဉ်းစားကြည့်တော့မှ
ကိုယ်လုပ်ခဲ့တာတွေ သတိရတယ် ။
အားသွင်းရင်း ဖုန်းသုံးတယ်
ဖုန်းအားသွင်းထားရင်လည်း တစ်ညလုံးပဲ ။
မနက်မှ ပိတ်မိတယ် ။
တစ်ညလုံး မလိုအပ်ဘဲ ကြိုးတပ်ပြီး power on ထားတော့
ကြာတော့ အဆင်မပြေတော့ဘူး ။
နောက်ဆုံးကျတော့ အား လုံးဝမဝင်တော့ဘူး ။
အဲ့တော့မှ original ကြိုးလေးကို
ပြန်လိုချင်နေတယ် ။
Made in china မဟုတ်တဲ့
အားသွင်းရင် မြန်မြန်ဝင်တဲ့ ကြိုးလေးကို သတိရတယ် ။
ငါဘာလို့ ပေါ့ပေါ့ဆဆကိုင်ခဲ့တာလဲဆိုပြီး
အပြစ်တင်မိတယ် ။
လူတွေလည်း အဲ့လိုပဲ ။
ကိုယ့်ကိုတကယ်ချစ်တဲ့သူတွေဆိုရင်
အနိုင်လိုချင်တယ်၊ အနိုင်နဲ့ ပိုင်းချင်တယ် ။
ခိုင်းလို့ရတာ အကုန်ခိုင်းချင်တယ် ။
လူဆိုတာ အားသွင်းကြိုးလိုပဲ
သူသည်းခံနိုင်တဲ့အတိုင်းအတာ
သူ အနစ်နာခံနိုင်တဲ့အတိုင်းအတာ ဆိုတာရှိတယ် ။
အရမ်း နာရလွန်းရင်
ကြာလာတာနဲ့ ထွက်သွားမှာပဲ ။
အဲ့အခါကျမှ
အတုအယောင်မိတ်ဆွေတွေကြားကနေ
အစစ်အမှန်ကို မတမ်းတပါနဲ့ ။
ချစ်တဲ့သူတွေကတော့ အကြိမ်ကြိမ်
သည်းခံမှာပဲ ။
သည်းမခံနိုင်တော့ရင်လည်း
အပြစ်ပြောလို့မရဘူး ။
ကိုယ်ဂရုမစိုက်ခဲ့တဲ့အတွက်
ကိုယ် တန်ဖိုးမသိတဲ့အတွက်ဖြစ်ရတာ ။
အကြောင်းရှိလို့ အကျိုးဆိုတာဖြစ်တာ ။
ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ
ကိုယ့်အပေါ်ပဲမူတည်တယ် ။
Don't let the real ones leave you. 🤍