4 w - Translate

ကျွန်တော်ထပ်မချစ်ချင်တော့ဘူး

မချစ်တတ်ဘူး ဆိုတာထက်
ကျွန်တော့်ရဲ့ အတ္တဆန်တဲ့ ကမ္ဘာလေးထဲကို
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မခေါ်ရက်တော့တာ

ကျွန်တော်ဟာ တစ်ကိုယ်ကောင်းဆန်တယ်
ကျွန်တော်မြတ်နိုးတဲ့ အရာလေးတွေဆို ဆုံးရှုံးမှာ
သိပ်ကြောက်တော့ ထပ်ပြီးမဖက်တွယ်ချင်တော့တာ

အတွေးလွန်တယ်လို့ သမုတ်တဲ့အပေါ်
စောတကတက်စရာမရှိတဲ့ ကျွန်တော့်အနေအထားမှာ
တစ်စုံတစ်ဦးအပေါ်မှာမှ ကျွန်တော်စိတ်မနှစ်ချင်တော့ဘူး

ကျွန်တော့်ရဲ့အချစ်ဒါဏ်
တချို့လူတွေ ခေါ်ဝေါ်တဲ့ ချုပ်ခြယ်မှုဒဏ်ကို မခံနိုင်လို့ ထွက်ခွာသွားကြတဲ့ မည်သူ့ကိုမှလည်း အပြစ်မဆိုပါဘူး

ကျွန်တော့်ကိုကျွန်တော်သိပြီး နောက်ပိုင်း
တစ်စုံတစ်ယောက်ကိုမှ ဒဏ်ရာတွေအပြည့်နဲ့
ကျွန်တော့် ဘယ်ဘက်ရင်အုံကို ဝင်မလာစေချင်တော့ဘူး

ကျွန်တော်ချစ်ခဲ့တယ် ဆုံးရှုံးခဲ့တယ် နာကျင်ခဲ့တယ်
ဒါကြောင့်ထပ်ပြီး ဘာကိုမှ မဖက်တွယ်လိုတော့တာ...

နောင်တရသွားတာလား နေသားကျသွားတာလားမသိပေမဲ့
ကျွန်တော့်အချစ်ကြောင့် ဘယ်သူ့မှ အနှောက်အယှက်မဖြစ်လိုတော့ဘူး

#2001
//crd

image