4 w - Translate

ခဏတာ ဆုံခဲ့ပေမယ့်
တစ်သက်စာအတွက်ချစ်တယ် ...
တစ်ရေးနိုးပဲထမေးထမေး
နောင် ဆယ်နှစ်ကြာမှ မေးမေး
သေချာတဲ့ အဖြေကတော့
မင်းကို ချစ်ပါတယ် ဆိုတာပါပဲ
သေချာလှချည်လားတဲ့
အင်း ...
ဘယ်တော့မှ မဝေးတော့သလိုမျိုး
အစကတည်းက
ချစ်ခဲ့တာလေ ...
ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်း
ရှိသလိုမျိုး
မင်းကို ချစ်ခဲ့တာ
တစ်နည်းပြောရရင်
မင်း တစ်ယောက်တည်းကိုပဲ
လူထင်တာပေါ့ ...
ဒါပေမယ့်
ငါတို့က ခဏပဲ ဆုံခဲ့ကြတယ်နော်
ရေစက်ပါသလောက်ပေါ့လို့ ပြောပြီး
ဝေးသွားကြရတယ်
ခဏပဲဆုံခဲ့ရပေမယ့်
တစ်သက်စာအတွက်
မင်းကို ချစ်တယ် ...
#ကျေးကို