4 w - Translate

တနေ့က ကြေညာသွားခဲ့တဲ့ ဘလွန်းဒီအော် ဆန်ခါတင်ကစားသမားစာရင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ မပါဝင်ခဲ့ကြပါဘူး။ ခေတ်တစ်ခု ပြီးဆုံးသွားပြီလို့ ပြောရမှာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေက လွမ်းစရာဖြစ်နေမှာပါ။

နှစ်ယောက်ပေါင်းပြီး ဘလွန်းဒီအော်ဆုပေးပွဲစင်မြင့်ကို (၁၀) နှစ်ကျော်ကြာ လွှမ်းမိုးခဲ့ကြပြီး အပြန်အလှန်နဲ့ အကြိတ်အနယ်အရှိဆုံး အားပြိုင်မှုတွေဖြစ်ခဲ့ပါတယ်။

အခုတော့ တစ်ယောက်က အမေရိကမှာ၊ တစ်ယောက်က အာရှမှာဖြစ်ပြီး ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ဖြတ်သန်းနေကြပြီဖြစ်ပါတယ်။

Credit

image