4 w - Translate

ကိုယ်က လက်ရှိစလုံးမှာ
လုံးချင်းအိမ်တွေချည်းဆောက်ရတယ်
စလုံးမှာ လုံးချင်းအိမ်ဆောက်တယ်ဆိုတာ
တကယ့်ကို ချမ်းသာတဲ့သူတွေချည်းပဲ
မီးဆိုင်း တစ်ခု ဒေါ်လာ ၇ သောင်း
ကြွေပြား ၁ ချပ် ဒေါ်လာ ၁ သောင်းလည်း
ဝယ်ကြတာပဲ…
ကိုယ်တွေက အိမ်ဆောက်ပြီးလည်း
Maintenance ဆက်လုပ်ပေးရတော့
သူတို့အိမ်ပြောင်းပြီးရင်လည်း
မကြာခဏတွေ့ရတယ်..
ချမ်းသာတဲ့အိမ်တွေဆိုတော့
Piano ပန်းချီ စတာတွေကို
တစ်ယောက်ချင်းစီအိမ်ခေါ်သင်ပေးကြတယ်
အိမ်တွေက ရေကူးကန်ပါလို့
ရေကူးဆရာပါ အိမ်ခေါ်သင်ကြတယ်
ကျောင်းစာဆိုလည်း ဆရာတစ်ယောက်စီနဲ့
ပုံမှန် အားကစားပါ အချိန်နဲ့
သေချာစိစစ်ပေးကြတယ်
အိမ်အများစုဟာ အိမ်ဖော် ၂ ယောက်စီနဲ့
စားစရာကိုပါ ကျန်းမာရေးနဲ့ ညီညွတ်အောင်
သေချာစီမံထားကြတယ်..
မိဘကလည်း သားသမီးကို ရသလောက်ကို
အချိန်ပေးကြတယ်…
သူတို့စင်ပေါ်မှာဆို
ငယ်ငယ်က ကိုယ်လိုချင်ခဲ့တဲ့ အရုပ်တွေအပြည့်နဲ့
ကစားချိန်ကစား နားချိန်နားပဲ..
ကလေးတွေက
“ဟယ် ပင်ပန်းစရာပါလား” လို့
တစ်ဖက်ကတွေးပေမယ့်
စိတ်အလိုမကျဖြစ်စရာကို မရှိသလောက်ပဲ
ဒီလိုသေချာ Train ပြီး
ကြီးပြင်းလာရတဲ့ကလေးတွေဟာ
သာမာန်ကလေးတွေထက်
၁ နှစ်ထက် ၁ နှစ် မြင့်သထက်မြင့်လာပြီး
အရွယ်ရောက်တဲ့အခါဆို အဆများစွာကွာသွားတာပဲ
အသက်ကြီးလာလို့
သူတို့က ဘဝကို
သက်တောင့်သက်သာ ဖြတ်သန်းလာနိုင်တဲ့အခါ
သာမာန်ကလေးတွေက ရုန်းကန်နေရတုန်းပဲ
ချမ်းသာတဲ့မျိုးဆက်က ဆက်ပြီး
ချမ်းသာနေမှာပဲ.. တိုးပွါးနေမှာပဲ..
သာမာန်ကလေးတွေက ရုန်းကန်ရင်း
ပြတ်ကျန်နေဦးမှာပဲ…
စလုံးမှာ insurance တွေ တအားရောင်းကြတော့
သူတို့က ကိုယ့်ရဲ့ financial plan နဲ့ ငွေစုအားကို
အမြဲတွက်ပြကြတယ်..
လက်ရှိကိုယ့်လစာ ၂၀% မှ
မစုနိုင်ရင် အသက်ကြီးဖို့ခက်သွားပြီတဲ့
ကိုယ်တွေက ရုန်းကန်ရင်း ခက်ခဲနေကြတဲ့လူတွေပဲ
ဒီကြားထဲမှာ
ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းက
ဝေးသထက်ဝေးလာကြတယ်
ကိုယ့်မိဘတွေက ဆင်းရဲတဲ့ မျိုးဆက်ဆိုပေမယ့်
ကိုယ့်အဖေက
အကောင်းဆုံးကျောင်းကို
ဘာကြီးဖြစ်နေနေ ရောက်အောင်ပို့ပေးလို့
ခုချိန်မှာ အလွှာတစ်ခုကို ရောက်လာခဲ့တာဖြစ်တယ်
ငါလည်း ဆင်းရဲတာပဲ
ဒီလောက်ပဲ တတ်နိုင်တယ်ဆိုတဲ့သူတွေကတော့
မျိုးဆက်တိုင်းက
အဲ့အောက်မှာပဲ ကျန်နေခဲ့ကြတယ်..
တကယ်တော့
ဝက်သားစားတာစောတယ်ဆိုတဲ့စကားက
ငွေစုတာကို ပြောတာမဟုတ်ဘဲ
တိုးတက်လာအောင် ရင်းနှီးမြှုပ်နှံပေးဖို့
အရင် ခြစ်ကုပ်ထားတာကို ဆိုလိုမှန်း
သားသမီးအပေါ်
ရင်းနှီးမြှုပ်နှံတဲ့ မိဘတွေကိုတွေ့ရင် တွေးမိတယ်
နေပြည်တော်မှာနေတုန်းက
မျက်စောင်းထိုးအိမ်က အိမ်တစ်အိမ်က
တစ်နေ့ကို စျေးဖိုး ၅၀၀ ပဲ သုံးတယ်
ကလေးတွေက အာဟာရမပြည့်
ပညာရေးကို လုံလုံလောက်လောက်မသုံး
သူတို့ Target က
ဆိုင်ကယ် ဘယ်နှစီးပိုင်သွားပြီ
အိမ်ဘယ်နှလုံးပိုင်တယ်ဆိုတဲ့ Target ပဲ
ရင်းနှီးမြှုပ်နှံမှုအစစ်ဆိုတာ
ဘယ်အခြေအနေမှာမဆို ရပ်တည်နေနိုင်မယ့်
လူ့အရည်အချင်းကို မြှင့်တင်ပေးတာပဲ ဖြစ်သင့်တယ်
ဒီစာက ဘာရယ်မဟုတ်ပါဘူး
“ဟဲ့.. ဘယ်သူကလေးတောင် ဒီလိုဖြစ်နေပြီ.”
ဆိုတဲ့ မိဘတွေရဲ့ နားမလည်မှုဟာ..
တကယ်တော့
“ငါ့ကလေးက တခြားကလေးတွေလို
ဘာလို့ မဖြစ်ထွန်းနိုင်ခဲ့တာလဲ” ဆိုပြီး မတွေးတဲ့
မိဘတွေ များနေလို့ပါပဲ..
မိဘဆိုတာနားမလည်ဘဲ
မိဘဖြစ်လာကြတဲ့သူတွေနဲ့
ကလေးတွေရဲ့ ကွာခြားမှုကို နားလည်ဖို့ပါပဲ
မိဘတွေက သူတို့ရဲ့ ညံ့ဖျင်းမှုကို
လမ်းဘေးကနေ ဖြစ်ထွန်းသွားတဲ့
“တစ်မိပေါက် တစ်ယောက်ထွန်း ပါရမီရှင်” တွေနဲ့
နှိုင်းယှဉ်တတ်ကြတယ်…
သူတို့မွေးထားတာ ပါရမီရှင် မဟုတ်ကြဘဲနဲ့လေ..
P.S ကိုယ့်မိဘက ကောင်းပါတယ်နော်… ကိုယ်နဲ့ လာယှဉ်ပြီး သူတို့သားသမီးကို အားမရတဲ့ မိဘတွေအတွက် ရေးတာပါ 🤭🤭

image