4 w - Translate

ဘဲဥနှောက်ချက်

ဘဲဥတွေကိုဆားအနည်းငယ်ထည့်
ဇွန်းနဲ့ကြာကြာလေးခေါက်ပြီး
ခွက်ကလေးတွေထဲထည့်ပါတယ်
ပြီးမှပေါင်းအိုးနဲ့ကျက်အောင်ပေါင်းပြီး
မထူမပါးလှီးထားပါတယ်
ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးတို့ကို
ညက်အောင်ထောင်းပြီး ဆီသပ်ပါ
ကြက်သွန်တွေကြွပ်ရင်
မဆလာထည့်ပါ
ခရမ်းချဉ်သီးတွေပါးပါးလှီးထည့်ပြီး
ကြေသွားတဲ့အထိချက်ပါ
ဘဲဥတွေထည့် အချိုအငန်အရသာ ထည့်ပါ
ဆီပြန်ပြီဆိုမှ
နံနံပင် နဲ့ ငရုတ်သီးစိမ်း အုပ်ပါတယ်

image