4 w - Translate

ကရင်ပြည်နယ် ဘားအံမြို့အနီး နောင်ကမြိုင်ရွာအကျော် တခင်းလုံရွာက

ပဒုံဂူ

ဘားအံမြို့ကနေ လာရင် ဘားအံ လှိုင်းဘွဲလမ်းအတိုင်း ၁၀မိနစ်ခန့် လာတဲ့အခါ ဘယ်ဖက်အခြမ်းမှာ မြိုင်ကြီးငူမုတ်ဝကို တွေ့ရပါမယ်။ မုတ်ဝထဲကို ဝင်ပြီး မိနစ် ၁၅မိနစ်ခန့် ထပ်သွားလိုက်ရင် (နောင်ကမြိုင်ရွာအကျော်) တခင်းလုံရွာနဲ့ ပဒုံဂူ အဝင် ကျောက်ဆိုင်းဘုတ်လမ်းညွှန်ကို ဘယ်ဖက်အခြမ်းမှာ တွေ့ရပါပြီ။ တခင်းလုံရွာရောက်တဲ့အခါ ရွာခံများကိုမေးပြီးလည်း အလွယ်တကူ သွားနိုင်ပါတယ်။

ပဒုံဂူက အနဲငယ်ရှည်ပြီး အနောက်ဂူထွက်ပေါက်ရှိပါတယ်။ နောက်ဂူထွက်ပေါက်ကနေ ထွက်ပြီး အရှေ့တည့်တည့်က လှေခါးအတိုင်းလည်း တောင်တက်လို့ရပါတယ်။ တောင်တစ်ဝက်မှာ နတ်ရေကတ်လို့ခေါ်တဲ့ နွေရာသီတောင် ရေမပြတ်တဲ့ ကျောက်ရေကန်လေးတစ်ခု ရှိပါတယ်။

ဘားအံ ခရီးသွား
Hpa An Traveller

image
image
image