4 w - Translate

ဒီအချိန် မိုးနှောင်းပိုင်း ဘားအံမြို့ကို အလည်လာရင် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခု

လွန်းည ရေပြာအိုင်

ဘားအံမြို့ကနေ မိနစ် ၃၀ခန့်သာ ဝေးတဲ့ အိန္ဒုရွာအကျော်မှာ တည်ရှိပါတယ်။ ဘားအံမြို့ကနေ လာရင် အိန္ဒုရွာရောက်တဲ့အခါ သာမညဖက်ကို ၅မိနစ်ခန့် ဆက်သွားလိုက်ရင် ဘယ်ဖက်အခြမ်းမှာ တွေ့ရပါပြီ။

လွန်းည ရေပြာအိုင်ဟာ မိုးရာသီမှသာ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ရေကန်တစ်ခုပါ။ သဘာဝအတိုင်း ရေကန်ထဲကနေများဟာ စိမ်းပြာရောင်သန်းနေပြီး ရေကန်အပြင်က ရေများနဲ့ အရောင်ကွဲထွက်နေပါတယ်။

လွန်းည ရေပြာအိုင်အနောက်မှာ သိပ်မမြင့်ပဲ တက်လို့ရတဲ့ တောင်လည်း ရှိပါတယ်။ အခုလို မိုးရာသီမှာ စိမ်းစိုနေတဲ့ ရှုခင်းနဲ့ တော်ပေါ်လည်း တက်ကြည့်လို့ ရပါသေးတယ်။

image