4 w - Translate

#breakingnews

ဘောနပ်ဆု လုံး၀ မျှော်လင့်လို့ မရတော့တဲ့ အောင်လ နဲ့ အာဒိုဂန်
*********

ONE 168 ပြိုင်ပွဲကြီး ကျင်းပဖို့ တစ်ရက်ကျော်လေးပဲ လိုတော့ပါတယ်။

အလှည့်အပြောင်းတွေ / အပြောင်းလဲတွေ က အခုထိ ရပ်တန့်ခြင်း မရှိသေးပါဘူး။

ဒီတစ်ခါ အလှည့်ပြောင်း ဖြစ်တာက ကျနော်တို့ အားလုံး စောင့်မျှော်နေကြတဲ့ အောင်လ နဲ့ အာဒိုဂန် တို့ ပွဲ ဖြစ်ပါတယ်။

အခုလေးတင်ပဲ ဝိတ်ချိန်တဲ့ ကိစ္စတွေ ပြီးဆုံးသွားတာပါ။

အောင်လ ဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ အစောကြီး ထွက်လာပါတယ်။ ဒါပေမယ့် Hydration Test က ဟိုတစ်ခါပွဲလို အဆင်မပြေပြန်ပါဘူး။ ဘော်ဒီဝိတ်က သတ်မှတ်ပမာဏ အတွင်းမှာ ရှိပါတယ်။

ဒါပေမယ့် Hydration Test မအောင်တော့ ၊ ဝိတ်ချိန်တာကလဲ တရားဝင် သတ်မှတ်လို့ မရပါဘူး။

အောင်လဟာ ဝိတ်ချိန်ဖို့ သတ်မှတ်ပေးထားတဲ့ 3 နာရီ ကာလ အတွင်းမှာ အတော်လေး အားယူကြိုးစားခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ပြန်လာချိန်တာမျိုး မရှိပဲ ၊ ပိတ်သိမ်းခါနီးမှ ရောက်ချလာပါတယ်။

သူ့မျက်နှာ အမူရာကြည့် ကတည်းက အဆင်မပြေဘူး ဆိုတာ သိသာနေပါပြီ။ Hydration Test က 1.0292 ရှိနေဆဲ ဖြစ်ပြီး သတ်မှတ်ခွင့်ပြု ပမာဏ 1.025 အထက်ကို ကျော်လွန်နေပါတယ်။ ဝိတ်ချိန်ကြည့်တော့ 204 ပေါင် ကျော်ကျော်မို့ မစ်ဒယ်ဝိတ်တန်း ခွင့်ပြုချက် 205 ပေါင်တွင်းရှိပါတယ်။

သို့သော်လဲ ၂ ခု စလုံးပြည့်စုံမှ သတ်မှတ်ဝိတ်တန်း အတွင်း ဝင်တာမို့ အဆင်မပြေခဲ့ပါဘူး။

အာဒိုဂန် က အောင်လထက် ပိုဆိုးပါတယ်။ ဝိတ်ချိန်တဲ့ အစီစဉ်မှာကို ပေါ်မလာတာပါ။ Hydration Test လဲ မပေးနိုင်သလို ၊ ဝိတ် ဘယ်လောက်ရှိလဲတောင် ချပြနိုင်ခြင်း မရှိပါဘူး။

အဲဒီတော့ ဒီမစ်ဒယ်ဝိတ်တန်း ပွဲက Catchweight တန်း ခေါင်းစဉ်ပြောင်းရဖို့ သေချာပါပြီ။

ဒီနေရာမှာ ဗဟုသုတ အနေနဲ့ ပြောချင်ပါတယ်။ ONE Championship က ဝိတ်ချိန်တဲ့ အခါမှာ Hydration Test ကို ဦးစားပေး အရင်စစ်တာ ဖြစ်လို့ ၊ အဲဒါက ပိုအရေးကြီးတယ်လို့ မှတ်ယူရမှာပါ။

ဒါ့ကြောင့် အောင်လ ရော ၊ အာဒိုဂန် ရော Hydration Test အတွင်း ဝင်အောင် အရင်လုပ်ပြီးမှ ၊ ဝိတ်ချိန် ။ ဘယ် Catchweight တန်းမှာ ထိုးမလဲ ညှိကြရမှာ ဖြစ်ပါတယ်။

အာဒိုဂန် အနေနဲ့တော့ ဘောနပ်ဆု လိုချင်လို့ အောင်လ ကို အလဲထိုးပြမယ် ဆိုတဲ့ ကြုံးဝါးသံဟာ ၊ ပြိုင်ပွဲ မကျင်းပခင် ကတည်းက လေထဲ လွှင့်ပါသွားပါပြီ။

Credit

image