၁၀၀ ရာခိုင်နှုန်း အခမဲ့ ထိုင်းစကားပြောသင်တန်းကို ထိုင်းနိုင်ငံ အခြေစိုက် NGO အဖွဲ့တစ်ခုဖြစ်တဲ့ Suwannimit foundation ကနေ ဖွင့်လှစ်နေပါပြီ။ Online ကနေ သင်ကြားပေးတာမို့ ဘယ်နေရာမှာ ရှိရှိတက်လို့ရတာမို့ ပိုအဆင်ပြေပါတယ်။ ထိုင်းကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများ၊ ထိုင်းကို လာဖိုစိတ်ကူးရှိသူများ ဘာသာစကားတော့ သင်ထားသင့်ပါတယ်။အတန်းကို တစ်ပတ်ကို သုံးကြိမ်တက်ရမှာဖြစ်ပါတယ်။

သင်တန်းကို ၄တန်းခွဲပြီး အောက်ပါအတိုင်းသင်ကြားခြင်းဖြစ်ပါတယ်။ သင်တန်းလေးခုပေါင်း သင်တန်းသားဉီးရေ အ‌ယောက် ၁၀၀ လက်ခံပြီးသင်ကြားပေးခြင်းဖြစ်ပါတယ်။

သင်တန်းခွဲ (၂)ခု ကို အောက်ပါအတိုင်းသင်ကြားပေးခြင်းဖြစ်ပါတယ်။
နေ့ရက် - တနင်္လာ၊ အင်္ဂါ၊ သောကြာ
သင်ကြားမည့်အချိန် - ည ၇ - ၉ (နာရီ)

သင်တန်းခွဲ (၂) ခုကို အောက်ပါအတိုင်းသင်ကြားပေးခြင်းဖြစ်ပါတယ်။
နေ့ရက် - သောကြာ၊ စနေ ၊ တနင်္ဂနွေ
သင်ကြားမည့်အချိန် - ည ၇ - ၉ (နာရီ)

သင်တန်းတက်ရောက်ဖို့ အောက်ပါဖော်ပြပါ SNF ရဲ့ page မှာ ဖောင်ဖြည့်ပေးရပါမယ်။

Link: https://www.facebook.com/share/p/CfHsSq22AWqxdg5G/

#crd

image