4 w - Translate

Foundation အရွေး မမှားစေဖို့ …

သားဖြိုးတို့လို Oily Skin သမားတွေအတွက် တစ်နေကုန် မိတ်ကပ် မပျက် မကွက် မရွေ့ ဖို့က Foundation ကောင်းကောင်း လိုအပ်တယ်။

သားဖြိုး ဒီ CT ရဲ့ Airbrush Flawless Foundation ကို ရွေးခဲ့မိတဲ့ အဓိက အချက်က Full Coverage ဖြစ်ပြီး Long Lasting ဖြစ်တဲ့ အတွက်ဖြစ်တယ်။

Coverage ပိုင်းမှာ လုံးဝ လှည့်ကြည့်စရာမလိုဘူး။ Concealer တောင်မလိုဘူး။ သူတစ်မျိုးတည်းနဲ့ကို ပြီးတယ်။

သားဖြိုး သူ့ကိုလိမ်းတဲ့နေ့တွေဆို ပေါင်ဒါတောင် ထပ်မသုံးဖြစ်ဘူးလေ။

မနက်လိမ်းပြီး တစ်နေကုန် ပြန်လှည့်ကြည့်စရာမလိုတဲ့ Foundation ပါ​နော်။

သားဖြိုးကတော့ သူ့ကို Brush နဲ့ သုံးရတာကိုကြိုက်တယ်။ အဲ့ဒါက ပိုအဆင်ပြေတယ်လို့ ခံစားရလို့။

သားဖြိုး ဝယ်သုံးခဲ့ဖူးသမျှ Foundation တွေထဲမှာ စျေး အကြီးဆုံးလို့လဲ ပြောလို့ရတယ်။ ဒါပေမယ့် ဝယ်ပြီး လုံးဝ နောင်တမရခဲ့တဲ့ Foundation ဆိုလည်း ဟုတ်တယ်။

သားဖြိုး သုံးနေတဲ့ အရောင်က 5.5 Warm Chaud လေး။
မြန်မာအသားအရောင်နဲ့ လိုက်တဲ့ အဝါဖောက်ဖြစ်တာမို့ သားဖြိုးလို့ အသားလတ်တဲ့သူသုံးတာတောင် ပြာမသွားဘူး။ သားဖြိုးက လင်းလင်းလေးဖြစ်ချင်လို့ 5.5 W လေးကိုရွေးထားတာပါ။

သူ့မှာ ရွေးချယ်စရာ အရောင်တွေတော်တော်များများရှိတာမို့ ဖြူဖြူ ညိုညို မဲမဲ စိတ်ကြိုက်ရွေးလို့ရတယ်ဗျ။

မျက်နှာက အဆီပြန်ပြီး အနာအဆာများတယ်ဆိုရင် သူ့ကိုသာရွေး တစ်နေကုန် အငြိမ်ပဲ။
သူက Dry & Matte Finish ဖြစ်တာမို့ Dry Skin သမားတွေဆို Moisturizer လေးကို သေချာလေး Base အနေနဲ့ လိမ်းပေးပါနော်။

ခုလို အစစအရာရာစျေးကြီး စျေးတတ်နေတဲ့ ကာလမှာ ဒီလို စျေးကြီးတဲ့ Cosmetic အကြောင်း Review ပေးရတာ အားနာပေမယ့် သားဖြိုး သုံးနေတာ လုံးဝ အဆင်ပြေတာလေးဖြစ်လို့ အားနာနာနဲ့ပဲ ရေးလိုက်တာပါဗျ 😃

🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼

နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️

#charlottetilbury
#airbrush #flawlessfoundation
#treasurebytharphyoe
#crd

image
image
image