"ပြုံးပြုံးလေးနေပါ"
ဘဝဆိုတာ
အနိမ့်ရှိသလို အမြင့်လည်းရှိတယ်။

အတက်ရှိသလို အကျလည်းရှိတယ်။

ဖေးမ,မယ့်သူရှိသလို ဆွဲချမယ့်သူလည်းရှိမယ်။

အားပေးမယ့်သူရှိသလို ရှုပ်ချမယ့်သူလည်းရှိမှာပဲ။

ချီးမွမ်းမယ့်သူရှိသလို ကဲ့ရဲ့မယ့်သူလည်းရှိဦးမယ်။

မြှင့်တင်မယ့်သူရှိသလို ပုပ်ချမယ့်သူလည်းရှိနေမှာပါ။

လူဆိုတာ စရိုက်ခြင်းမတူညီလေတော့
အကြိုက်ခြင်းလည်း မတူနိုင်ဘူးရယ်။

ဒါ့ကြောင့်
ကိုယ့်လမ်းကိုယ်ထွင် စိတ်ရွှင်ရွှင်နဲ့
ကိုယ့်လမ်းကိုယ့်ဆက် စိတ်မပျက်ဘဲ။
ကိုယ့်လမ်းကိုယ်လျှောက် စိတ်မနောက်လိုက်ပါနဲ့။

ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ဘဝမှာ
တွေ့ကြုံနေရတဲ့ အရာမှန်သမျှကို
ခပ်ပြုံးပြုံးနေပြီး ရင်ဆိုင်ကျော်လွှားပစ်လိုက်ပါ။

#crd_to_owner_with_respect
#crd #motivation
#crdphoto

image