5 w - Translate

ဒီ ခရီး …

တစ်ယောက်တည်းပဲ
ဘယ်လမ်းဖြစ်ဖြစ် လျှောက်နင်းဖို့
မြေကမ္ဘာလေးရှိနေရုံနဲ့
ကိုယ့် ဘဝ လေးကို နေပျော်ပါတယ် ။

အချိန်ဆိုတာ ခဏလေးပဲ
တစ်နှစ်နဲ့ တစ်နှစ် ဟာ
ရာသီတွေကူးရင်း
အိပ်မက် လေးတစ်ခုလိုပါ
January နဲ့ စကားပြောနေတုန်း Decmberဟာ
လာနှုတ်ဆက်တယ် …

ရယ်လိုက် … ငိုလိုက်
့ပြုံးလိုက်ရွှင်လိုက်
အသက်ကလေးတဖြည်းဖြည်းကြီးလာတဲ့အခါ
အရင်လိုတော့ မျက်ရည်ကျဖို့ မလွယ်ကူတော့ဘူး
ပျော့ညံ့ ခြင်းတွေကို ထုတ်ပြလိုက်တဲ့အခါ
လူတွေက အခွင့်အရေးယူပြီး
ကိုယ့် ကိုအခါခါ နွမ်းစေခဲ့သမျှ
ကိုယ် မားမားမတ်မတ် မတ်တပ်ပြန်ရပ်ပြီး
ခရီးတစ်လျှောက်မှာ တွေ့သမျှလူကို
သိပ်ပြီးမပြုံးပြဖြစ်တော့ဘူး …

လူတွေနဲ့ပတ်သတ်ပြီး
တတ်နိုင်သမျှ ချစ်ခဲ့တယ်
စွမ်းနိုင်သမျှ မေတ္တာထားခဲ့တယ်
ရှိသမျှ အဖြူစင်ဆုံးရိုးသားခဲ့တယ်…

ကိုယ်ကောင်းခဲ့ပေမဲ့
မကောင်းသူနဲ့ ကြုံရတဲ့အခါ
ဝဋ် ကြွေး ရယ်လို့ သတ်မှတ်ပြီး
စိတ်ကို နေတတ်အောင်သင်ယူတယ် …

ဘာလိုလိုနဲ့ ဒီ ခရီးတစ်ယောက်တည်းလျှောက်လို့
ကောင်းကင်ကိုလည်းငေးခဲ့ပြီးပြီ
ပန်းတွေနဲ့ လည်းစကားပြောခဲ့ဖူးပြီးပြီ
လွင်ပြင်ထဲလျှောက်လို့ ခြေရာလေးတွေကို
နောက်ပြန်ကြည့်ရင်း တောင်းတန်တွေကိုလည်း
ပြုံးပြခဲ့ပြီးပြီ
ပင်လယ် ကမ်းစပ်တွေနားမှာ ထိုင်ခဲ့ဖူးပြီးပြီ …

တစ်နှစ်နဲ့ တစ်နှစ်က
ကြာသလိုလိုနဲ့ ခဏလေးပါပဲ…
အနည်းဆုံးတော့ ဆုံခဲ့ရတဲ့လူတွေအပေါ်ကို
အမြဲတမ်း နှလုံးသားနဲ့အဆက်အဆံပြုခဲ့တာကို
တွေးလိုက်ရင် ကိုယ် ဘယ်နေရာရောက်ရောက်
မျက်နှာခြင်းဆိုင်ပြီး မည့်သူ့ကိုမဆို
ပြုံးပြနှုတ်ဆက် နိုင်ခဲ့ပါတယ်…

ဒီခရီးက တစ်ယောက်တည်းပဲ
ဒါပေမဲ့ အရိုးသားဆုံး
လျှောက်လှမ်းခဲ့တယ်…

LuAh(AungKhinSitt)

Unicode
_________

ဒီ ခရီး …

တစ်ယောက်တည်းပဲ
ဘယ်လမ်းဖြစ်ဖြစ် လျှောက်နင်းဖို့
မြေကမ္ဘာလေးရှိနေရုံနဲ့
ကိုယ့် ဘဝ လေးကို နေပျော်ပါတယ် ။

အချိန်ဆိုတာ ခဏလေးပဲ
တစ်နှစ်နဲ့ တစ်နှစ် ဟာ
ရာသီတွေကူးရင်း
အိပ်မက် လေးတစ်ခုလိုပါ
January နဲ့ စကားပြောနေတုန်း Decmberဟာ
လာနှုတ်ဆက်တယ် …

ရယ်လိုက် … ငိုလိုက်
့ပြုံးလိုက်ရွှင်လိုက်
အသက်ကလေးတဖြည်းဖြည်းကြီးလာတဲ့အခါ
အရင်လိုတော့ မျက်ရည်ကျဖို့ မလွယ်ကူတော့ဘူး
ပျော့ညံ့ ခြင်းတွေကို ထုတ်ပြလိုက်တဲ့အခါ
လူတွေက အခွင့်အရေးယူပြီး
ကိုယ့် ကိုအခါခါ နွမ်းစေခဲ့သမျှ
ကိုယ် မားမားမတ်မတ် မတ်တပ်ပြန်ရပ်ပြီး
ခရီးတစ်လျှောက်မှာ တွေ့သမျှလူကို
သိပ်ပြီးမပြုံးပြဖြစ်တော့ဘူး …

လူတွေနဲ့ပတ်သတ်ပြီး
တတ်နိုင်သမျှ ချစ်ခဲ့တယ်
စွမ်းနိုင်သမျှ မေတ္တာထားခဲ့တယ်
ရှိသမျှ အဖြူစင်ဆုံးရိုးသားခဲ့တယ်…

ကိုယ်ကောင်းခဲ့ပေမဲ့
မကောင်းသူနဲ့ ကြုံရတဲ့အခါ
ဝဋ် ကြွေး ရယ်လို့ သတ်မှတ်ပြီး
စိတ်ကို နေတတ်အောင်သင်ယူတယ် …

ဘာလိုလိုနဲ့ ဒီ ခရီးတစ်ယောက်တည်းလျှောက်လို့
ကောင်းကင်ကိုလည်းငေးခဲ့ပြီးပြီ
ပန်းတွေနဲ့ လည်းစကားပြောခဲ့ဖူးပြီးပြီ
လွင်ပြင်ထဲလျှောက်လို့ ခြေရာလေးတွေကို
နောက်ပြန်ကြည့်ရင်း တောင်းတန်တွေကိုလည်း
ပြုံးပြခဲ့ပြီးပြီ
ပင်လယ် ကမ်းစပ်တွေနားမှာ ထိုင်ခဲ့ဖူးပြီးပြီ …

တစ်နှစ်နဲ့ တစ်နှစ်က
ကြာသလိုလိုနဲ့ ခဏလေးပါပဲ…
အနည်းဆုံးတော့ ဆုံခဲ့ရတဲ့လူတွေအပေါ်ကို
အမြဲတမ်း နှလုံးသားနဲ့အဆက်အဆံပြုခဲ့တာကို
တွေးလိုက်ရင် ကိုယ် ဘယ်နေရာရောက်ရောက်
မျက်နှာခြင်းဆိုင်ပြီး မည့်သူ့ကိုမဆို
ပြုံးပြနှုတ်ဆက် နိုင်ခဲ့ပါတယ်…

ဒီခရီးက တစ်ယောက်တည်းပဲ
ဒါပေမဲ့ အရိုးသားဆုံး
လျှောက်လှမ်းခဲ့တယ်…